နာဂျစ်ဘ် ရာဇတ်ကို အိမ်ဖြူတော်မှာ ထရမ့် တွေ့ဆုံ

Image caption ကုန်သွယ်ရေးနဲ့ လုံခြုံရေး အပေါ် အာရုံစိုက် ဆွေးနွေး

အမေရိကန်ကို ရောက်ရှိနေတဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ကို သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ တွေ့ဆုံ ခဲ့ပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စချင်းရာတွေ အပေါ် အာရုံစိုက်ပြီး ခေါင်းဆောင် နှစ်ဦး ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်း မလေးရှား နိုင်ငံဘက်က ရင်းနှီး မြှုပ်နှံမှု အသစ်တွေ ပြုလုပ် လာမယ် ဆိုတဲ့ အပေါ် သမ္မတ ထရမ့်က ကြိုဆို ခဲ့ပါတယ်။

မလေးရှား လေကြောင်းလိုင်း အတွက် ဘိုးရင်း လေယာဉ်ပျံတွေ ဒေါ်လာ ၁ဝ ဘီလီယံဖိုးကျော် ဝယ်ယူမှာ ဖြစ်တယ်လို့ မစ္စတာ နာဂျစ်ဘ်က ပြောပါတယ်။

ဝန်ကြီးချုပ် နာဂျစ်ဘ်နဲ့ ပတ်သက်သူ တချို့အပေါ် အကျင့်ပျက်မှု၊ ငွေမည်းခဝါချမှု စွဲချက်တွေနဲ့ အမေရိကန် တရားရေး ဌာနက စုံစမ်းမှုတွေ ဆက်လက် ပြုလုပ် နေချိန်မှာပဲ အခုလို မလေးရှား ဝန်ကြီးချုပ်က အမေရိကန် ခရီးစဉ် ထွက်လာတာ ဖြစ်ပါတယ်။