အကြမ်းဖက် အန္တရာယ် အရေးပေါ် အဆင့်ကနေ လျှော့ချ

Image caption သံသယ ရှိရသူ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးထား

ဗြိတိန် နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မြေအောက် ရထားလိုင်းရဲ့ ရထားတစ်စင်းပေါ် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် တနိုင်ငံလုံး အတိုင်းအတာ အကြမ်းဖက် အန္တရာယ် အဖြစ် တပ်လှန့် ထားတာကို အရေးပေါ် အဆင့်ကနေ၊ အခြေအနေ ပြင်းထန် ဆိုတဲ့ အဆင့် လျှော့ချ လိုက်ပါတယ်။

ဒီ အဓိပ္ပာယ်ဟာ နောက်ထပ် တိုက်ခိုက်မှု တစုံတရာ ချက်ခြင်း ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူး ဆိုပြီး ဗြိတိသျှ ထောက်လှမ်းရေး ဌာနတွေရဲ့ အကြီးအကဲတွေက ကောက်ချ ချလိုက်တဲ့ သဘော ဖြစ်ပါတယ်။

လူ အယောက် ၃ဝ ထိခိုက် ဒဏ်ရာ ရခဲ့တဲ့ သောကြာနေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယ ရှိရသူ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီး ထားပါတယ်။

အဲဒီထဲက တစ်ယောက်ဟာ အီရတ် လူမျိုး မိဘမဲ့ ဆယ်ကျော်သက် လူငယ် တစ်ယောက် ဖြစ်တယ်လို့ ဆိုပြီး၊ ကျန်တစ်ယောက်လည်း အရှေ့အလယ်ပိုင်း ဒေသက လူတ်ယောက်ရဲ့ သွင်ပြင်မျိုး ရှိတယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့ အနောက်တောင်ပိုင်း ဆင်ခြေဖုံး အရပ် နှစ်ခုမှာ ရဲတွေဟာ အထူး လေ့ကျင့် သင်ကြားထားတဲ့ ခွေးတွေကို အသုံးပြုပြီး အိမ် နှစ်အိမ်ထဲ ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ် ခဲ့ပါတယ်။