ကန် နဲ့ တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ စစ်လေယာဉ်များ

မြောက်ကိုရီးယားနယ်စပ်အနီးမှာ အမေရိကန်တို့နဲ့ပေါင်းပြီး လေကြောင်းက စစ်ရေးလေ့ကျင့်မှုတွေ တောင်ကိုရီးယား တပ်မတော်ကဆောင်ရွက်နေတယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်ကပျံသန်းလာတဲ့ အမေရိကန်တိုက်လေယာဉ်တွေ၊ ဂူအမ်ကျွန်းက ပျံသန်းလာတဲ့ B-1B ဗုံးကြဲလေယာဉ်တွေနဲ့ တောင်ကိုရီးယားစစ်လေယာဉ်တွေ ၂ နာရီကြာ ပူးတွဲလေ့ကျင့်ခဲ့ပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ နျူးကလီယားနဲ့မစ်ဆိုင်း ဒုံးကျည်တို့ရဲ့ ခြိမ်းခြောက်မှုကို၂နိုင်ငံက ဘယ်လောက် ကာကွယ်နိုင်မယ်ဆိုတာပြသတာဖြစ်တယ်လို့ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂကတားမြစ်တဲ့ကြားက မြောက်ကိုရီးယားနိုင်ငံဟာ တိုက်ချင်းပစ် မစ်ဆိုင်းဒုံးလက်နက်နဲ့ အင်အားပြင်းထန်တဲ့ နျူးကလီးယားဗုံး စမ်းသပ်ခဲ့ပါတယ်။