မာ့ခဲလ် စတုတ္ထအကြိမ် သက်တမ်း အနိုင်ရဖို့ မျှော်လင့်

Image caption မာတင်ရှို့စ်နဲ့ အိန်ဂလာ မာခဲလ်

ဂျာမနီ နိုင်ငံမှာ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် စတုတ္ထအကြိမ် သက်တမ်း အတွက် ဝင်ရောက် အရွေးခံတဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ နေပါတယ်။

ဝန်ကြီးချုပ် မာ့ခဲလ် ဦးဆောင်တဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီဟာ ပြိုင်ဘက် ဆိုရှယ် ဒီမိုကရက်တွေ အပေါ် သိသိသာသာ အသာစီးရ ဦးဆောင် နေပါတယ်။

အဲဒီ နှစ်ပါတီဟာ လက်ရှိ ညွန့်ပေါင်း အစိုးရ ဖွဲ့ထားတဲ့ အဓိက ပါတီကြီးတွေ ဖြစ်ပါတယ်။

လက်ျာစွန်း ပါတီဖြစ်တဲ့ Alternative for Germany AfD ပါတီ အနေနဲ့လည်း ပထမဆုံး အကြီမ် ပါလီမန် နေရာ ရရှိ လာနိုင်ဖွယ်ရာ ရှိနေပါတယ်။

AfD ပါတီဟာ နာဇီဝါဒအပေါ် ကိုင်းညွတ်တဲ့ အယူအဆ အပြောအဆိုတွေကြောင့် ဝေဖန် ခံနေရတဲ့ ပါတီ ဖြစ်ပါတယ်။

AfD ပါတီသာ ပါလီမန်ထဲ ဝင်ခွင့် ရလာတယ် ဆိုရင် ဒါဟာ စစ်ပြီးခေတ် နောက်ပိုင်း ဂျာမနီ နိုင်ငံရေးရဲ့ အကြီးအကျယ် အပြောင်းအလဲ တစ်ရပ်ဖြစ်တယ် ဆိုပြီး ဘာလင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။