ဒုက္ခသည်တွေအတွက် မေတ္တာရပ်ခံ

ဓာတ်ပုံ မူပိုင် ABIR ABDULLAH
Image caption ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေထဲ ကလေးငယ် အများအပြားပါဝင်

ဗြိတိန်နိုင်ငံက ပရဟိတ ကူညီကယ်ဆယ်ရေး အေဂျင်စီ ၁၃ ခုက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ငါးသိန်းကျော် အတွက် ရန်ပုံငွေ မေတ္တာရပ်ခံမှု စတင် လိုက် ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာကြတဲ့ မိသားစုတွေဟာ ယာယီအမိုးအကာအောက်မှာ ဖြစ်သလို နေကြရပြီး ရေသန့်လည်း မရှိ၊ မိလ္လာ စနစ်လည်း မရှိ ဖြစ်နေတယ်လို့ Oxfam နဲ့ Save the Children အပါအဝင် အဲဒီ အဖွဲ့တွေက ပြောကြပါတယ်။

အဲဒီလို ထိခိုက်နေကြသူတွေရဲ့ ထက်ဝက်က ကလေးတွေဖြစ်တယ်လို့ ယူဆရပါတယ်။

ဗြိတိန်အစိုးရကတော့ ပြည်သူလူထုဆီက ကောက်ခံရရှိငွေတွေရဲ့ နှစ်ဆ ထည့်ဝင်မယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတွေကလည်း ရခိုင် မြောက်ပိုင်း ပဋိပက္ခတွေ အမြန် အဆုံးသတ်ဖို့ မြန်မာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ပဋိပက္ခ ဖြစ်နေတဲ့ ဒေသက ရိုဟင်ဂျာ အမျိုးသမီးနဲ့ ကလေးတွေကို အတင်းအကျပ် ရွှေ့ပြောင်းခံရတာ၊ မတရားပြုကျင့်တာနဲ့ သတ်ဖြတ်တာတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်ခံရမှာ စိုးရိမ် ပူပန်ကြောင်း အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံမှု ပပျောက်ရေးနဲ့ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကော်မတီတွေက ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ