ကာကွတ်မြို့ အချက်အခြာနေရာတွေကို အစိုးရတပ် ထိန်းချုပ်ဖို့ ကြိုးစား

Image caption အုပ်ချုပ်ရေးရုံးကို အစိုးရတပ် သိမ်းပိုက်

အီရတ် နိုင်ငံ ကာကွတ်မြို့ ကနေ အရပ်သား ထောင်ပေါင်းများစွာ ထွက်ပြေး နေကြရပါတယ်။

အီရတ် ဗဟို အစိုးရ အပေါ် သစ္စာခံတဲ့ တပ်တွေဟာ ကာကွတ်မြို့မှာ ရှိတဲ့ ရေနံချက် စက်ရုံတွေလို အဓိက နေရာတွေကို ကာ့ဒ် တပ်ဖွဲ့တွေ လက်ထဲက သိမ်းဖို့ ဆက်လက် လုပ်ဆောင် နေကြပါတယ်။

ကာကွတ်မြို့လယ်မှာ ရှိတဲ့ အုပ်ချုပ်ရေးရုံးကို ဗဟို အစိုးရ တပ်တွေက သိမ်းပိုက်လိုက်ပြီ ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

အစောပိုင်းတုန်းကလည်း ကာကွတ်မြို့ အဓိက စစ်အခြေစိုက် စခန်းနဲ့ လေဆိပ် လို နေရာတွေ၊ ရေနံတွင်းတွေ ရှိရာနေရာတွေကိုလည်း အစိုးရ သစ္စာခံတပ်တွေက တိုက်ခိုက် ခဲ့ပါတယ်။

ကာကွတ် အပါအဝင် ကာ့ဒ်မျိုးနွယ်စု တွေ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ မြို့တွေမှာ အီရတ် နိုင်ငံ အလံ လွှင့်ထူကြဖို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က အမိန့် ထုတ်ထားပါတယ်။