ထရမ့်ရဲ့ ဗီဇာကန့်သတ်မှု တရားသူကြီး ဟန့်တား

ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်ပတ်စပို့ကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတဦး ဂျော်ဒန်နိုင်ငံကတဆင့် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာစဉ်

အမေရိကန်နိုင်ငံကို ခရီးသွားလာခွင့်ပိတ်ပင်တဲ့ ထရန့် အစီအစဉ် ဗဟိုအစိုးရ တရားသူကြီးဟန့်တား

အမေရိကန် သမ္မတထရန့် လက်ထက်မှာ စတင်ကျင့်သုံးဖို့ ကြိုးစားနေတဲ့ နိုင်ငံအချို့ကနေ အမေရိကန်နိုင်ငံကို ခရီးသွားလာခွင့် ပိတ်ပင်မှု အစီအစဉ်ကို အကောင်ထည်ဖော်ဖို့ နာရီပိုင်းအလိုမှာ တရားသူကြီး တဦးက ဟန့်တားလိုက်ပါတယ်။

အီရန် ၊ လစ်ဗျား ၊ မြောက်ကိုးရီးယား ၊ဆီးရီယား ၊ ယီမင် ၊ ဆိုမာလီယာ ၊ ချတ် တို့က အမေရိကန်ကို လာရောက်မဲ့သူတွေကို ပိတ်ပင်ပြီး ဗင်နီဇွဲလား နိုင်ငံတို့က လူပုဂ္ဂိုလ်အချို့ကို အမေရိကန်လာရောက်ခွင့် တားမြစ်မဲ့ သမ္မတ ထရန့်ရဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ချိုးဖောက်ရာရောက်ပြီး တားမြစ်ထားတဲ့ မွတ်ဆလင် ၆ နိုင်ငံက နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ချိုးဖောက်နေတာမတွေ့ရပါဘူးလို့ ဟာဝိုင်အီမှာ ရှိတဲ့ အမေရိကန်အစိုးရ ဗဟိုတရားသူကြီးက ပြောပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အန္တာရယ်ကြီးလောက်တဲ့ အမှားကြီးတရပ်ကို ကျူးလွန်လိုက်တာပဲလို့ အိမ်ဖြူတော်ကဆိုပြီး ဒီကိစ္စကို အယူခံဝင်မယ်လို့ တရားရေးဌာနက ပြောပါတယ်။

မေရီလန်းက လူ့အခွင့်အရေး အဖွဲ့အစည်းအချို့အပါဝင် လူမှု့ အသင်းအဖွဲ့အချို့ကတော့ သမ္မတထရန့်ရဲ့ အစီအစဉ်ကို ကန့်ကွက့်နေကြပါတယ်။ တချိန်တည်းမှာပဲ ဝါရှင်တန် ၊ မက်ဆာချူးဆက် ၊ ကယ်လီဖိုးနီးယား ၊ အော်ရီဂွန်နဲ့ နယူးယောခ့်တို့မှာလည်း သမ္မတ ထရန့်ရဲ့ အစီအစဉ်သစ်အပေါ် ပိတ်ပင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။