လေထု ညစ်ညမ်းမှုကြောင့် သေဆုံးမှု များနေ

ဓာတ်ပုံ မူပိုင် MONEY SHARMA
Image caption လေထု ညစ်ညမ်းမှု ၉၅ ရာခိုင်နှုန်း ဆင်းရဲတဲ့ နိုင်ငံတွေမှာ ရှိ

၂၀၁၅ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက သေဆုံးခဲ့ရသူ လူပေါင်း ကိုးသန်း လောက် ဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံက ကျန်းမာရေး လေ့လာမှု စစ်တမ်း တစ်ခု က ထုတ်ပြန် လိုက်ပါတယ်။

ဒီညစ်ညမ်းမှုတွေကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မှာ အချိန် မတိုင်မီ သေဆုံးမှု တွေ ပိုပြီး အဖြစ်များတယ်လို့လည်း အဲဒီ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လူ ခြောက်ယောက် သေဆုံးတိုင်းမှာ အဲဒီ့ အထဲက တယောက်ဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အချိန်မတိုင်မီ သေဆုံးရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံက ကျန်းမာရေး သုတေသန စာစောင်ကြီး တခု ဖြစ်တဲ့ လန်းဆက်မှာ ဖော်ပြ ထားပါတယ်။

လေထု ညစ်ညမ်းမှုကြောင့် လူတွေမှာ အဆုတ် နဲ့ သက်ဆိုင်တဲ့ရောဂါတွေ၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေ အဖြစ်များပြီး အရွယ်မတိုင်မီမှာ သေဆုံး ခဲ့ကြ ရတယ်လို့ လန်းဆက် ကျန်းမာရေး စာစောင်ကြီး က စစ်တမ်း ကို ဦးဆောင် ပြုစု ခဲ့သူ ဆေးပညာရှင် ပါမောက္ခ ရစ်ချက် ဖူလာ က ပြောပါတယ်။

''လေထု ညစ်ညမ်းမှုကြောင့် လူတွေမှာ နာမကျန်း ဖြစ်ရပါတယ်။ လေထု ညစ်ညမ်းမှု အမျိုးအစား အလိုက် နာမကျန်း ဖြစ်မှုခြင်း ကွာခြားပါတယ်။ ဥပမာ ဆေးလိပ် သောက် သူတွေမှာ ဖြစ်တတ်တဲ့ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြော ကျဉ်းတာ နဲ့ ရင်ဘတ် နာကျင်တဲ့ ဝေဒနာ မျိုးတွေ လေထု ညစ်ညမ်းမှု ကို ရှုရှိုက် ခဲ့ရတဲ့ လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ လေထု ညစ်ညမ်းမှု မြင့်မား တဲ့ အခြေအနေ ကို ကြုံကြိုက်ခဲ့ရသူတွေမှာ ဦးနှောက်နဲ့ အာရုံကြော ပိတ်ဆို့ ပြီး သေဆုံးတဲ့ အထိတောင် ဖြစ်နိုင်ပါတယ် ''- ပါမောက္ခ ရစ်ချက် ဖူလာ

ကမ္ဘာပေါ်မှာ လေထု ညစ်ညမ်းမှု ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ နိုင်ငံတွေ ရှိပြီး ဆင်းရဲတဲ့ နိုင်ငံတွေ နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဒီပြဿနာ တွေကို ရင်ဆိုင် နေရတယ်လို့ စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။

ဒေပါဝလီမှာ ဗျောက်အိုးနဲ့ မီးရှုးမီးပန်း မပစ်ဖောက်ဖို့ တားမြစ်

ဘေဂျင်းဝန်းကျင်က လုပ်ငန်းအများစု လေထုညစ်ညမ်း စည်းကမ်းမလိုက်နာ

ကျောက်မီးသွေး ထုတ်လုပ်မှုကြောင့် တီဘီ အဆုတ်နာ ဖြစ်သူတိုးလာ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Nepal
ဓာတ်ပုံ မူပိုင် SAJJAD HUSSAIN
Image caption လေထု ညစ်ညမ်းမှု ဆန္ဒပြ

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈ နိုင်ငံကို သွားရောက်ပြီး လေ့လာ ခဲ့မှု စစ်တမ်း တွေ အရ လေထု ညစ်ညမ်းမှု ဆိုးဆိုးရွားရွား ခံနေရတဲ့ နိုင်ငံတွေက ဘင်္ဂလားဒေ့ရှ်၊ ဆိုမာလီယာ၊ အိန္ဒိယနဲ့ နီပေါ နိုင်ငံတို့ ဖြစ်ပါတယ်။

ဆွီဒင် နဲ့ ဘရူနိုင်း နိုင်ငံတွေကတော့ လေထု ညစ်ညမ်း ဒဏ်ကို အနည်းဆုံး ခံစားနေရတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ သိရပါတယ်။

လေထု ညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မှု သေဆုံးမှု များပြား တာကြောင့် စီးပွားရေး ဆုံးရှုံးမှု ရှိပြီး ကမ္ဘာလုံး ဆိုင်ရာ ကုန်ထုတ် စွမ်းအား ကိုလည်း ကျဆင်း စေနိုင်တယ်လို့လည်း ပါမောက္ခ ရစ်ချဒ် ဖူလာ က ဆိုပါတယ်။

''ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ အချိန်မတိုင်မီ သေဆုံးမှု များတာကြောင့် ကုန်ထုတ် စွမ်းအား ၂ ရာခိုင်နှုန်းလောက် ကျဆင်း သွားခဲ့ပါတယ်။ လူတွေဟာ နာမကျန်း ဖြစ်မယ်၊ ဖျားနာမယ်၊ အဲဒါတွေကြောင့် သူတို့ အလုပ်မလုပ် နိုင်တော့ဘဲ မိသားစု ကိုပါ ထိခိုက်လာ ပါတယ်။ အဲဒါတွေက ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဖြစ် များပါတယ်။ တချို့နိုင်ငံတွေမှာ ဆိုရင် သေဆုံးသူ ၂၅ ရာခိုင်နှုန်းလောက် က လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ပါတယ်။ ဒါဟာ မယုံနိုင်လောက် တဲ့ အရေအတွက်ပါ''- ပါမောက္ခ ရစ်ချက် ဖူလာ

လေထုညစ်ညမ်းမှု သဘာဝ ပတ်ဝန်းကျင် ပျက်စီး မှုတွေက ဆင်းရဲ တဲ့ နိုင်ငံတွေမှာ အဖြစ်များပြီး ကမ္ဘာပေါ်က လေထု ညစ်ညမ်းမှု ၉၅ ရာခိုင်နှုန်း လောက်က အဲဒီ့ နိုင်ငံတွေမှာ ဖြစ်နေတာပါ။

လန်းဆက် ကျန်းမာရေး စာစောင်မှာ ဖော်ပြ ခဲ့တဲ့ လေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာမှာ အရွယ်မတိုင်မီ သေဆုံးမှု များပြား နေရတယ် ဆိုတဲ့ အကြောင်း ကို ကျန်းမာရေး ပညာရှင်တွေက ၂ နှစ်ကျော်ကြာ ဆန်းစစ် လေ့လာပြီးမှ ထုတ်ပြန် ခဲ့တာလည်း ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုဟာ ကမ္ဘာပေါ် က လူတွေရဲ့ အခြေခံ အခွင့်အရေး တွေ ဖြစ်တဲ့ အသက်ရှင် နေထိုင်မှု၊ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်ရေး နဲ့ လုပ်ငန်းခွင် အတွင်းမှာ ဘေးအန္တရာယ် ကင်းရှင်းရေး ကိစ္စ တွေမှာ ထိခိုက် ခံစား နေရ ကြောင်း လေ့လာမှု စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။

ကမ္ဘာ့ နိုင်ငံ အသီးသီး က အစိုးရ တွေ အနေနဲ့ လေထု ညစ်ညမ်းမှု ပြဿနာ ကို တိုက်ဖျက်ကြဖို့ ကိုလည်း ကျန်းမာရေး ပညာရှင်တွေက တိုက်ထွန်း ထားပါတယ်။