ကနေဒီလုပ်ကြံခံရမှု လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ပြန်မယ်

Image caption အလုပ်ကြံခံခဲ့ရသူ သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ

၁၉၆၃ ခုနှစ်က ဒါးလတ်စ်မှာ အမေရိကန် သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီ အလုပ်ကြံအသတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်တဲ့ ထောင်သောင်းချီတဲ့ လျှို့ဝှက်မှတ်တမ်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

တကယ်လို့ အစိုးရဌာနတွေအနေနဲ့ ကန့်ကွက်ဖို့ မရှိဘူးဆိုရင် ပွင့်လင်းမြင်သာမှုကို ရှေ့ရှုပြီး စာရွက်စာတမ်းတွေကို အများပြည်သူဖတ်ရှုနိုင်အောင် ထုတ်ပြန်ပေးမယ်လို့ သမ္မတ အိမ်ဖြူတော်က ကြေညာပါတယ်။

နောက်တပတ် ကြာသပတေးနေ့ကို လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ပေးဖို့ ရက်သတ်မှတ်ထားပါတယ်။

တချို့ အမေရိကန် အစိုးရ အရာရှိတွေကတော့ အများပြည်သူသိအောင် ထုတ်ဖော်ဖွင့်ချရင် အမျိုးသားလုံခြုံရေးကို ထိခိုက်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ချရေးကို ဆန့်ကျင်နေကြပါတယ်။