တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်အဖွဲ့သစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီ ဦးဆောင်အဖွဲ့သစ် ၇ ဦးထဲမှာ ၅ ဦးက အရင်အဖွဲ့မှာ မပါတဲ့ အဖွဲ့ဝင်အသစ်တွေ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်အဖွဲ့သစ် စာရင်းပေါ်ထွက်လာပြီး အဲဒီထဲမှာ ၇ ဦး ပါဝင်ပါတယ်။

ပါတီညီလာခံ ပြီးဆုံးပြီး နောက်တစ်ရက်မှာ ကြေညာတဲ့ ဒီပါတီဦးဆောင်အဖွဲ့သစ်မှာ အရင်အဖွဲ့မှာ ပါ၀င်ခဲ့သူက လက်ရှိ သမ္မတ ရှီဂျင်ပင်းနဲ့ ဝန်ကြီးချုပ် လီကာချန်တို့ပဲ ပါဝင်ပြီး ကျန်တဲ့ ၅ ဦးက အသစ်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် သမ္မတ ရှီဂျင်ပင်းရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ထင်ထင်ရှားရှား သိမြင်နိုင်တဲ့သူ ထည့်သွင်းမထားတာ တွေ့ရပါတယ်။ ဒါဟာဆိုရင် အစဉ်အလာကို ချိုးဖောက်ပြီး မထည့်သွင်းတာလည်း ဖြစ်ပါတယ်။

သူ့အရင် ခေါင်းဆောင် နှစ်ယောက်တုန်းကလို သူမရှိတော့ရင် ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်လာမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း ဖော်ပြ မထားပါဘူး။

ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ အားလုံးမျှော်လင့်ထားတဲ့ အတိုင်း သမ္မတ ရှီဂျင်ပင်းကို နောင် ၅ နှစ် အတွက် တိုင်းပြည် ခေါင်းဆောင်အဖြစ် အပ်နှင်းထားပါတယ်။

ဒါဟာ သမ္မတ ရှီဂျင်ပင်း အနေနဲ့ အခု သမ္မတ သက်တမ်း ကုန်ဆုံးချိန် ၂၀၂၂ ခုနှစ် အလွန်ကာလ အထိ ဆက်အုပ်ချုပ်ဖို့ ပြင်ဆင်ထားပုံရတယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ