နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ၈ဦးသေ

မန်ဟက်တန်၊ နယူးယောက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို ထရပ်ကားနဲ့ အတင်းဝင်တိုက်ခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန် အောက်ပိုင်းရပ်ကွက်မှာ ထရပ်ကားတစင်းက လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အတင်း ဝင်တိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၈ဦး သေဆုံးခဲ့ပြီး ၁၂ဦးဒဏ်ရာရသွားပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှု လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီထရပ်ကားမောင်းသူဟာ အသက်၂၉နှစ်အရွယ် ဆေဖူလို ဆာအီပေါ့ဖ် ဆိုသူ ဖြစ်ပြီး ဥဇဘက်ခစ္စတန်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ၂၀၁၀ ခုနှစ်က ပြောင်းရွှေ့လာသူ ဖြစ်တယ်လို့ ရဲဘက်ဆိုင်ရာ သတင်းရပ်ကွက်က ဆိုပါတယ်။

သေနတ်အတု နှစ်လက်ကို ကိုင်ပြီး ကားထဲက ထွက်လာတဲ့ သူ့ကို ရဲက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

အခု သူ့ကို ရဲ အစောင့်အရှောက်နဲ့ ဆေးရုံ တင်ထားပါတယ်။

IS အစ္စလာမစ်နိုင်ငံ အဖွဲ့ကို ရည်ညွှန်းထားတဲ့ စာတစောင်ကို သူ့ကားထဲမှာ ရှာတွေ့ခဲ့တယ်လို့ အမေရိကန် သတင်း မီဒီယာတွေက ဆိုပါတယ်။

အခု ဒီ ထိခိုက်သေဆုံးမှု ဖြစ်ရပ်ဟာ ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးကတည်းက အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ ပထမဆုံး လူထိခိုက်သေဆုံးမှု ဖြစ်ပါတယ်။