နာမည်ကြီးတွေ လိင်ပိုင်း အခွင့်ကောင်းယူကြောင်း ထွက်ပေါ်လာပြန်

Image caption The Revenant ဇာတ်ကားရဲ့ ဒါရိုက်တာ

အမေရိကန် အနုပညာနဲ့ မီဒီယာလောကထဲ နိုင်ငံတကာမှာ လူသိများတဲ့ နာမည်ကြီးတချို့ လိင်ပိုင်း အနိုင်ကျင့်မှု၊ အခွင့်ကောင်း ယူမှုတွေ ကျူးလွန် ခဲ့တယ်ဆိုတဲ့ စွပ်စွဲသံတွေ ဆက်လက် ပေါ်ထွက် လာပါတယ်။

အခုနောက်ဆုံး စွပ်စွဲခံရသူတွေကတော့ အော်စကာဆု အများအပြားရခဲ့တဲ့ The Revenant ဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ်၊ ထုတ်လုပ်သူလည်း ဖြစ်တဲ့ Brett Ratner နဲ့၊ နာမည်ကျော် မင်းသားကြီး Dustin Hoffman တို့ ဖြစ်ပါတယ်။

Brett Ratner ရဲ့ လိင်ပိုင်း အမြတ်ထုတ်တာ ခံခဲ့ရတယ် ဆိုပြီး အမျိုးသမီး ၆ ယောက်က ထွက်ဆိုထားတာကို လော့စ်အိန်ဂျယ်လိစ် တိုင်းမ်စ် သတင်းစာထဲ ဖော်ပြထားပါတယ်။

Image caption အမျိုးသမီး ၆ ယောက်က ထွက်ဆိုထား

Dustin Hoffman လည်း ၁၉၈၅ တုန်းက အမျိုးသမီး တစ်ဦးအပေါ် လိင်ပိုင်း အသားယူ ခဲ့တယ်လို့ စွပ်စွဲခံခဲ့ ရတဲ့နောက်၊ သူ့ကြောင့် စိတ်မသက်မသာ အခြေအနေမျိုး ဖြစ်ခဲ့တယ် ဆိုရင် ခွင့်လွှတ်ပါ ဆိုပြီး မစ္စတာ ဟော့ဖ်မင်က ကာယကံရှင် အမျိုးသမီးကို တောင်းပန် စကား ဆိုထားပါတယ်။

ဟောလိဝုဒ် ပရိုဂျူဆာ ဟာဗေး ဝိုင်းစတီးန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာခဲ့ပြီး တဲ့နောက် အခုလို နာမည်ကြီးတွေ အပေါ် လိင်ပိုင်း စွဲချက်တွေ ဆက်တိုက် ဆိုသလို ထွက်ပေါ် လာနေပါတယ်။