လန်ဒန် အောက်စဖို့ဒ်လမ်းက လူတွေဖယ်ရှား

ဓာတ်ပုံ မူပိုင် JEFF OVERS
Image caption လျှော့စျေးတွေ ချတဲ့ရက်မို့ အထူးစည်ကား

လန်ဒန်မှာ စျေးဝယ်သူတွေနဲ့ စည်ကားတဲ့ အောက်စဖို့ဒ် လမ်းက အောက်စဖို့ဒ် အဝိုင်း ဘူတာထဲနဲ့ လမ်းပေါ်မှာ သေနတ်သံတွေ ကြားလို့ ဆိုပြီး လူတွေကို ဖယ်ရှား ခဲ့ပါတယ်။

လက်နက်ကိုင်ရဲတွေကိုလည်း ချထားခဲ့ပါတယ်။

အကြမ်းဖက်နဲ့ ပတ်သက်မလား စုံစမ်းနေပြီး စျေးဝယ်သူတွေနဲ့ လမ်းသွားလမ်းလာတွေကို အဆောက်အအုံတွေထဲ နေဖို့၊ လမ်းပေါ် မထွက်ဖို့ သတိပေးခဲ့ပါတယ်။

ခုထိ ပစ်ခတ်မှု ဖြစ်ခဲ့သလား၊ ထိခိုက်ဒဏ်ရာရသလား စုံစမ်းလို့ မရဘူးလို့ ရဲက ဆိုပါတယ်။

လန်ဒန် မြေအောက်ရထား ဗုံးကွဲမှု နောက်ထပ်လူတဦးကို ဖမ်းဆီး

လန်ဒန် မြောက်ပိုင်း အကြမ်းဖက်မှု တယောက်သေ ၁၀ယောက် ဒဏ်ရာရ

လန်ဒန် တိုက်ခိုက်မှု လူ ၄ ယောက်သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption လူတွေ ဖယ်ရှားတဲ့ အချိန်မှာ ပြေးလွှား အော်ဟစ်သံတွေ ကြားရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လန်ဒန် ဝက်စ်မင်စတာ အကြမ်းဖက်တိုက်ခိုက်ခံရမှု

နောက်ဆုံး အောက်စဖို့ဒ် အဝိုင်းနဲ့ အနားက ဘွန်းလမ်း ဘူတာတွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

ဒီနေ့ဟာ ဘလက် ဖရိုင်ဒေး လျှော့စျေးတွေ ချတဲ့ရက်မို့ စျေးဝယ်သူတွေနဲ့ အထူးစည်ကားနေတာ ဖြစ်ပါတယ်။

လူတွေ ဖယ်ရှားတဲ့ အချိန်မှာ ပြေးလွှား အော်ဟစ်သံတွေ ကြားရတယ် လို့လည်း မျက်မြင် သက်သေတွေက ဆိုပါတယ်။