ကင်ဂျုံနမ်း ရဲ့ ကျောပိုးအိတ်ထဲ အဆိပ်ဖြေဆေး ရှာတွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption တစ်စုံတစ်ယောက်က ရည်ရွယ် လုပ်ကြံမှာ ကို ကင်ဂျုံနမ်း ကြိုတင် ခန့်မှန်း သိရှိ ထား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ အစ်ကို ဝမ်းကွဲ ကင်ဂျုံနမ်း သေဆုံးမှု က သက်သေတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့ က ရုံးထုတ် စစ်ဆေး ခဲ့ပါတယ်။

တရားခွင်မှာ တော့ အဆိပ်ဖြေဆေးတွေကို စစ်ဆေး ပေးဖို့ ရဲတပ်ဖွဲ့ က လွှဲပြောင်း ပေးခဲ့တယ်လို့ ဆရာဝန် တစ်ဦး က ထွက်ဆို ခဲ့ပါတယ်။

ဒါ့အပြင် ကင်ဂျုံနမ်း ရဲ့ ကျောပိုး အိတ် ထဲမှာ အဆိပ်ဖြေဆေး ၁၂ ပုလင်း ကို ရှာတွေ့ ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး က သက်သေ ထွက်ဆိုပါတယ်။

အဲဒီ့ အဆိပ် ဖြေဆေး တွေကို ကြည့်ချင်း အားဖြင့် ကင်ဂျုံနမ်း ဟာ သူ့ကိုယ် တစ်စုံတစ်ယောက်က ရည်ရွယ် လုပ်ကြံမှာ ကို ကြိုတင် ခန့်မှန်း သိရှိ ထားပုံရတယ် ဆိုပြီး သက်သေ တစ်ဦး က ထွက်ဆို သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်း က ကင်ဂျုံနမ်းဟာ ကွာလာလမ်ပူ လေဆိပ်မှာ မျက်နှာကို အဆိပ်ပက်ဖျန်း ခံခဲ့ရတဲ့ အတွက် သေဆုံးသွားခဲ့တာပါ။

ကင်ဂျုံနမ်း ကို လုပ်ကြံ သတ်ဖြတ် ခဲ့သူတွေ လို့ စွပ်စွဲ ခံထားရတဲ့ ဗီယက်နမ် နိုင်ငံသား အမျိုးသမီး တစ်ဦး နဲ့ အင်ဒိုနီးရှား နိုင်ငံသား အမျိုးသမီး တစ်ဦး ကို ရဲက ဖမ်းဆီး ထားပြီး ဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးတွေကတော့ သူတို့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယား တချို့ ပါဝင် ပတ်သက်ခဲ့တယ်လို့ သက်သေ တစ်ဉီး က ထွက် ဆို ခဲ့

ကင်ဂျုံနမ်း အသတ် ခံရမှု မှာ မြောက်ကိုရီးယား တချို့ ပါဝင် ပတ်သက်ခဲ့တယ်လို့ သက်သေ တစ်ဉီး က ထွက် ဆို ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံ ကတော့ ကင်ဂျုံနမ်း သေဆုံးမှုမှာ သူတို့ ပတ်သက်ခြင်း မရှိဘူး ဆိုပြီး စွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာ နောက်ထပ် ရုံးထုတ် စစ်ဆေးမှုတွေ လုပ်မယ်လို့လည်း တရားရုံး က ထပ်မံ ချိန်းဆို ခဲ့ပါတယ်။