အမြွာ ကလေးတွေကို သေပြီလို့ ဆရာဝန်တွေ မှားယွင်း ဆုံးဖြတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမွှာကလေးနှစ်ယောက်ကို ဆရာဝန်တွေက သေပြီလိို့ ကြေညာခဲ့ပါတယ်

အိန္ဒိယနိုင်ငံက ပုဂ္ဂလိက ဆေးရုံတခုမှာ အမြွှာကလေးနှစ်ယောက်ကို ဆရာဝန်တွေက သေပြီလို့ မှားယွင်း ကြေညာမှု တစ်ခု နိုဝင်ဘာ ၃၀ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့် ကလေးအသက်ရှင်လျက်ရှိနေတာကို သုသာန်အသွားလမ်းမှာ မိဘတွေကသတိပြုမိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဆေးရုံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသမှု စံနှုန်းတွေကို မေးခွန်းထုတ် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

ပုဂ္ဂလိကပိုင် ဆေးရုံက Max ဆေးရုံက ဒီဖြစ်ရပ်ကို တင်းတင်းကျပ်ကျပ် စုံစမ်းအရေးယူမှုတွေ ပြုလုပ် သွားမယ်လို့ ပြောပါတယ်။ အိန္ဒိယ အစိုးရဘက်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။

သေ ပြီ လို့ ယူ ဆ ပြီး ထည့် ထား တဲ့ ပလပ်စတစ် အိတ် ထဲက ကလေး တစ်ယောက်ရဲ့ ငြီးငြူသံ ကို မိ ဘတွေ ကြားပြီး နောက် ပိုင်း ဒီ အ ဖြစ်အပျက် စတင် ခဲ့ တာ ပါ။

ကလေးအသံကို ကြားပြီးနောက် မင်သက်နေတဲ့ မိဘတွေဟာ ကလေးငယ်ကို အဲဒီပုဂ္ဂလိကဆေးရုံ ကိုပဲ ပြန်ခေါ်သွားခဲ့ရပြီး ဆေးကုသပေး ခဲ့ရတယ်လို့ အဘိုးဖြစ်သူက သတင်းဌာနတွေကို ပြန်ပြောပြခဲ့ပါတယ်။