မတရားမှု ငုံ့မခံတဲ့ အမျိုးသမီးတွေကို တိုင်းမဂ္ဂဇင်း ဂုဏ်ပြု

Time magazine ဓာတ်ပုံ မူပိုင် Time
Image caption မင်းသမီး အက်ရှ်လေ ဂျဒ်၊ အဆိုတော် တေလာဆွစ်ဖ် ၊ အူဘာ အင်ဂျင်နီယာ ဆူဆန် ဖောင်းလား ၊ ကော်ပိုရိတ် လော်ဘီသမား Adama Iwu နဲ့ မက္ကဆီကို က စတော်ဘယ်ရီ ခူးသမ Isabel Pascual

တိုင်းမဂ္ဂဇင်း က ဒီနှစ်အတွက် ထူးချွန် ထင်ရှား ပုဂ္ဂိုလ်ဆုကို ငြိမ်ဆိတ်မှုကို ဖောက်ခွဲထွက်ခဲ့သူ တွေ အဖြစ် ကာမ အနိုင်ကျင့် အမြတ်ထုတ်ခံရမှုတွေကို ငုံ့မခံဘဲ တိုင်ကြားတဲ့အမျိုးသမီးတွေကို ရွေးချယ်ခဲ့ ပါတယ်။

အင်တာနက်မှာ ကျွန်မတို့လည်း ထပ်တူ ဆိုတဲ့ စာစုနဲ့ ဒီလို မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှု ကနေပြီး ဟောလီးဝုဒ် ထုတ်လုပ်သူ နာမည်ကြီး ဟာဗေး ဝိုင်းစတင်း အပေါ် စွပ်စွဲချက်တွေ ထွက်လာတာက စခဲ့တာ ဖြစ်ပါတယ်။

ဝိုင်းစတင်းကို ဇနီးက စွန့်ခွာဖို့ ဆုံးဖြတ်

လိင်ပိုင်း စွဲချက်တွေနဲ့ ကြုံနေရတဲ့ နာမည်ကြီးတွေ

ဒီလှုပ်ရှားမှုဟာ ဖြစ်နေတာတွေရဲ့ တစိတ်တပိုင်းသာ ရှိသေးပြီး အလုံးစုံ မလွှမ်းခြုံ နိုင်သေးပါဘူးလို့ တိုင်းက ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ဆယ်စုနှစ်တွေ အတွင်း အမြန်ဆုံး ပေါက်သွားတဲ့ လူမှု အပြောင်းအလဲ ဖြစ်တယ် လို့လည်း တိုင်း အယ်ဒီတာ ချုပ် Edward Felsenthal က ဆိုပါတယ်။

အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အော်စကာအဖွဲ့က ဟာဗီ ဝိုင်းစတင်းအမှု ဆွေးနွေး

ရာနဲ့ချီတဲ့ အမျိုးသမီး အမျိုးသားတွေက သူတို့ကြုံခဲ့တာတွေ ထွက်ပြောရဲတဲ့ သတ္တိက စခဲ့တယ်လို့ သူက NBC ရုပ်သံကို ပြောပါတယ်။

မစ္စတာ ဝင်းစတိုင်း ရဲ့ မတရားပြုမှုကို ပထမဆုံး ထွက်ပြောတဲ့ မင်းသမီး အက်ရှ်လေ ဂျဒ်နဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ကိုင်တွယ်လို့ ဒီဂျေ တယောက်ကို တရားစွဲ ရာမှာ အနိုင်ရတဲ့ ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ် တို့ အထူး ထင်ရှားတဲ့ နာမည်ကြီးတွေ ဖြစ်ပါတယ်။

သူတို့နဲ့ အတူ အူဘာ အမှုဆောင် အရာရှိချုပ်ကို ပြုတ်အောင် စွဲဆိုခဲ့တဲ့ ၂၆ နှစ် အရွယ် အင်ဂျင်နီယာဟောင်း ဆူဆန် ဖောင်းလား ၊ ဆကရာ မင်တိုက အသက် ၄ဝ အရွယ် ကော်ပိုရိတ် လော်ဘီသမား Adama Iwu နဲ့ မက္ကဆီကို က ၄၂ နှစ် အရွယ် စတော်ဘယ်ရီ ခူးသမ Isabel Pascual (နာမည်ရင်း မဟုတ် ) တို့လည်း တိုင်း မဂ္ဂဇင်းက ဖော်ပြထား ပါတယ်။

ဒီ လှုပ်ရှားမှုမှာ ခေါင်းဆောင် အဖွဲ့အစည်း ရယ်လို့ မရှိဘဲ hashtag ခေါ်တဲ့ အင်တာနက် အမှတ်အသား # နဲ့ ကျွန်မတို့လည်း ထပ်တူ ဆိုပြီး ဒီလို မတရား ငုံ့ခံနေရတဲ့ သန်းနဲ့ချီသူတွေ အတွက် သွေးစည်းမှု ကို ပြတဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။

အမျိုးသမီး အကြမ်းဖက် ဆန့်ကျင် ဆန္ဒပြ

အမျိုးသမီး အကြမ်းဖက်ခံရမှုဆိုင်ရာ ဥပဒေ ပြဌာန်းမယ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
pen myanmar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိမ်တွင်း အကြမ်းဖက်မှု ပြဿနာ ဘယ်လောက် များနေပြီလဲ

အမျိုးသမီး အမျိုးသားတွေက သူတို့ ကျူးလွန်ခံရတဲ့ ဖြစ်ရပ်တွေကို လူတွေကြားထဲ ပွင့်ပွင့်လင်းလင်း ထွက်ပြောပြီး ကျူးလွန်သူတွေသာ ရှက်ဖို့ကောင်းကြောင်း ထွက်ပြောလာကြတာလည်း ဖြစ်ပါတယ်။

လူမျိုးမရွေး အဆင့်အတန်း အလုပ်အကိုင် မရွေး တကမ္ဘာလုံးက အမျိုးသမီးတွေ အင်တာနက်မှာ ထွက်ပြော ကြတာပါ။

အရှက်နဲ့ အကြောက် ကို အမျက် ဒေါသ အဖြစ် ပြောင်းပစ်သလို ထောင်နဲ့ချီသူတွေ လမ်းပေါ် ထွက်ပြီး တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။

အာဏာရှိတဲ့ အမျိုးသား တစုလည်း သူတို့ အမူအကျင့်တွေကို ထုတ်ဝန်ခံဖို့ ဖြစ်လာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

တိုင်းက ဖော်ပြတဲ့ အထဲ ဒီ # အမှတ်အသားကို ဆယ်နှစ်ကျော်က ထွင်တဲ့ Tarana Burke၊ ဒါကို အင်တာနက်မှာ အောက်တိုဘာလ က စပေါက်အောင် လုပ်တဲ့ ရုပ်ရှင် မင်းသမီး Alyssa Milano နဲ့ မင်းသား တယ်ရီ ခရူးစ်၊ အလုပ်ရှင်ကို တရားစွဲတဲ့ ဟိုတယ် အလုပ်သမားတစု၊ အထက်လွှတ်တော်အမတ် Sara Gelser ၊ ဖွင့်ပြောရင် အလုပ်ပြုတ်မှာ စိုးတဲ့ ဆေးရုံ အလုပ်သမား တယောက်၊ ဖောက်စ် သတင်းဌာနက သတင်းထောက် Megyn Kelly တို့လည်း ပါပါတယ်။

Megyn Kelly ကိုဆိုရင် ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း သူစီစဉ်တဲ့ စကားစစ်ထိုးပွဲ အပြီးမှာပဲ သမ္မတလောင်း ထရမ့်က ဒီအမျိုးသမီး မျက်လုံးက သွေးတွေ ထွက်နေတာ၊ သူ့တကိုယ်လုံး ဘယ်နားမဆို သွေးထွက်နေတာလို့ အပြောခံခဲ့ရတာပါ။

ရယ်စရာ ကောင်းတာက မစ္စတာ ထရမ့်ကို မနှစ် အတွက် အထင်ရှားဆုံးဆု ပေးခဲ့ပြီးသားကို ဒီနှစ် ပြန်ရမယ် ဆိုပြီး သတင်းထွက်လာ ခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
Forbes မဂ္ဂဇင်းရဲ့ ထူးချွန်သူ စာရင်းက မြန်မာ အမျိုးသမီး

သူ အရွေးခံရတာဟာ အမျိုးသမီးတွေ အတွက် ခေတ်နောက်ပြန် ဆုတ်တာပဲလို့ Megyn Kelly က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်တာနက်မှာ စိတ်ကြိုက်လိုရာ ရှာတဲ့ခေတ်ကို ရည်ညွှန်းပြီး ၂ဝဝ၆ အတွက် တိုင်းက သင့်ကို ရွေးချယ်ခဲ့

တနှစ်စီ အတွက် အဆိုး အကောင်း လုပ်ခဲ့သူတွေ ထဲက အထင်ရှားဆုံး သူ ရွေးချယ်တာကို တိုင်းက ၁၉၂၇ က စခဲ့ပါတယ်။

ရွေးချယ်ခဲ့သူ အများစုက ပုဂ္ဂိုလ် တယောက် စီ ဖြစ်တတ်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။

၂ဝ၁၄ တုန်းက အီဘိုလာ ရောဂါ တိုက်ဖျက်သူတွေကို ရွေးသလို ၂ဝ၁၁ တုန်းကလည်း အာရပ်နွေဦး လှုပ်ရှားမှု ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဆန္ဒပြသူတွေကို ရွေးခဲ့ပါတယ်။

၁၉၅ဝ ကတော့ ကိုရီးယားစစ်မှာ တိုက်နေတဲ့ အမေရိကန် တပ်တွေကို ရည်ရွယ်ပြီး အမေရိကန် တပ်သား ကို ရွေးပါတယ်။

၁၉၅၆ မှာ ဟန်ဂေရီ အရေးအခင်းကြောင့် ဟန်ဂေရီ ပြည်သားတွေကို ရွေးသလို သိပ္ပံ ပညာရှင်တွေ၊ ၂၅ နှစ်အောက် အမေရိကန်တွေနဲ့ အမေရိကန် အလယ်ပိုင်းက လူတွေကို ရွေးတာတွေ ရှိခဲ့ပါတယ်။

၂ဝဝ၆ မှာတော့ အင်တာနက်မှာ စိတ်ကြိုက်လိုရာ ရှာတဲ့ခေတ်ကို ရည်ညွှန်းပြီး တိုင်း မဂ္ဂဇင်း က သင့်ကို ရွေးချယ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီရဲ့ အမျိုးသမီး ၁၀၀ အထူးအစီအစဉ်