လာမယ့် ရွေးကောက်ပွဲမှာ ရုရှားသမ္မတ ပူတင် ဝင်ပြိုင်မယ်

ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတပူတင်ပဲ ထပ်အရွေးခံရမယ်လို့ စစ်တမ်းတွေကဆို

ရုရှားသမ္မတ ပူတင်က လာမယ့်နှစ် ရွေးကောက်ပွဲမှာ နောက်ထပ် သမ္မတ သက်တမ်းအတွက် သူဝင်အရွေးခံမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၆၅နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ပူတင်ဟာ ရုရှားနိုင်ငံကို သမ္မတ အဖြစ်၂၀၀၀ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တာပါ။

အဲဒီ လာမယ့် မတ်လ ရွေးကောက်ပွဲမှာ မစ္စတာ ပူတင် အလွယ်တကူ အနိုင်ရမယ်လို့ လူထု စစ်တမ်းတွေက ဆိုပါတယ်။

အားကစားသမားတွေကို တားမြစ်ထားတဲ့ ဆေးတွေ မသုံးဖို့ စနစ်တခုကို ရုရှားအစိုးရက မကြုံဖူးလောက်အောင် အစီအစဉ်ကျကျ အလွဲသုံးစား အသုံးချ ခဲ့တယ် ဆိုပြီး တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ ရုရှားနိုင်ငံ လက်ရွေးစင် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ကို IOC နိုင်ငံတကာ အိုလံပစ်ကော်မတီက ပိတ်ပင်လိုက်ပေမယ့် ရုရှား အားကစား သမားတွေ သီးခြားလွတ်လပ်စွာ ဝင်ပြိုင်ခွင့်ကိုတော့ ရုရှားအစိုးရက တားမြစ်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ သမ္မတ ပူတင်က ပြောပါတယ်။

မရိုးသားတဲ့ ဆင်ခြေဆင်လက်တွေ သုံးပြီး ချမှတ်ခဲ့တဲ့ IOC ရဲ့ ဆုံးဖြတ်ချက်ကို ရုရှားအနေနဲ့ လက်ခံရဖို့ ရှိတယ်လို့ သူက ဖြည့်စွက်ပြောသွားပါတယ်။