တရုတ် ကျောက်မီးသွေး သုံးခွင့် ပြုလိုက်ရ

ဓာတ်ပုံ မူပိုင် Reuters

တရုတ်နိုင်ငံမှာ ဆောင်းရာသီအတွင်း အနွေးဓာတ် ပေးနိုင်ရေးအကျပ်အတည်း ကြုံနေရတာကြောင့် သူတို့ရဲ့ ပေါ်လစီကို ယာယီပြောင်းပြီး နိုင်ငံမြောက်ပိုင်းက မြို့တချို့မှာ ကျောက်မီးသွေး သုံးခွင့် ပြုလိုက်ရပါတယ်။

တရုတ် အစိုးရက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ချဖို့ စီမံချက်နဲ့ ဆောင်းရာသီမှာ ကျောက်မီးသွေး သုံးတာကို ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

လောလောဆယ် နှစ်တွေက ဆောင်းကာလတွေမှာ ကျောက်မီးသွေးသုံးပြီး အပူဓာတ်ရအောင် လုပ်ကြတာကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသ တဝန်း မီးခိုးမြူတွေ ထူထူထပ်ထပ် တွေ့နေခဲ့ရပါတယ်။

ကျောက်မီးသွေးကလွဲ အခြားမရှိဆို

ကျောက်မီးသွေး ထုတ်လုပ်မှုကြောင့် တီဘီ အဆုတ်နာ ဖြစ်သူတိုးလာ

မြောက်ကိုရီးယား ကျောက်မီးသွေး တင်သွင်းမှု ကို တရုတ် ဆိုင်းငံ့

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသ မီးခိုးမြူတွေ ထူထူထပ်ထပ် တွေ့

အခု ဒီနှစ် ဆောင်းရာသီမှာ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လူတွေဟာ ကျောက်မီးသွေး ကနေ တခြားလောင်စာကို ပြောင်းသုံးဖို့ ကြိုးစားကြပေမယ့် အချိန်မီ ပြောင်းမသုံးနိုင်ကြသေးတာကြောင့် လူသန်းချီပြီး အအေး ဒဏ်ကို ခံနေကြရတယ် လို့ ဆိုပါတယ်။

ဒီလို တခြား လောင်စာသုံးဖို့ လူတိုင်းက ကြိုးစားနေကြတာကြောင့် ဓာတ်ငွေ့ပြတ်လပ်မှု တွေလည်း ရှိတဲ့ အပြင် လောင်စာဆီ နဲ့ ဓာတ်ငွေ့ စျေးတွေကလည်း တအားတက်လာခဲ့လို့ ပြဿနာ ပိုပြီးကြီးလာခဲ့ရပါတယ်။

တချို့ဒေသတွေမှာ အပူဓာတ် မပေးနိုင်တဲ့ မူလတန်းကျောင်းတွေ ရှိနေပြီး ဟိုင်ဘေပြည်နယ်က မူလတန်းကျောင်တကျောင်းမှာဆိုရင် နေပူချိန် အနွေးဓာတ်ရအောင် ကျောင်သားတွေကို အပြင်မှာ စာသင်ပေးနေရတယ်လို့ ဘေဂျင်းမှာရှိတဲ့ ဘီဘီစီ သတင်းဌာနက ပြောပါတယ်။

တချို့ ကျောင်းတွေမှာ ကျောက်မီးသွေးမသုံးရ ဆိုတဲ့ ပိတ်ပင်ချက်ကို မချိုးဖောက်အောင် ပြောင်းဖူးရိုးကို မီးရှို့ပြီး အနွေးဓာတ် ရအောင်လုပ်ဖို့ ကျောင်းသားတွေကို အိမ်က ပြောင်းဖူးရိုးတွေ ယူလာဖို့ ကျောင်းကနေ ပြောခဲ့တယ် လို့ မိဘတဦးက ဘီဘီစီကို ပြောပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ ကရင်ပြည်နယ်ထဲ ရှိလာမယ်

သန့်ရှင်းပြီး စားရိတ်နည်းတဲ့စွမ်းအင်

ဓာတ်ပုံ မူပိုင် Reuters
Image caption မသုံးရတော့တဲ့ ကျောက်မီးသွေးဖိုတွေ

သူကျောင်း တက်ခဲ့တုန်းက အခြေအနေအတိုင်း အခုပြန်ဖြစ်နေတာပဲလို့ အဲဒီမိဘက ပြောပါတယ်။

အိမ်တွေမှာလည်း အပူဓာတ် ပေးတဲ့ စနစ်ကို အချိန်မီ ပြောင်းလဲတပ်ဆင်ဖို့ လူတိုင်းက ကြိုးစားနေကြတာကြောင့် ကန်ထရိုက်တွေ လည်း လက်မလည်နိုင် ဖြစ်နေတဲ့အတွက် ဒေသခံတချို့က အစိုးရ အရေးယူမှာကို စိတ်ပူကြောင်း ပြောပြကြပါတယ်။

ဘေဂျင်က ရွှန်ရီလို့ ခေါ်တဲ့ ခရိုင်မှာ ဓာတ်ငွေ့ပိုက်လိုင်း ချနေတာ နောက်နှစ်တောင် ပြီးအုံးမယ့်ပုံ မပေါ်ပါဘူး။ ကျနော်တို့ မပြောရဲဘူး၊ ပြောရင် ဒေသကလူတွေ ဒုက္ခရောက်မှာ စိုးတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

တချို့ ဒေသတွေမှာ သုည ဒီဂရီအောက် ရောက်အောင် အေးခဲလာနေတာကြောင့် လည်း လူတွေ စိတ်ဆိုးဒေါသ ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ် မြို့ကြီးတွေ လေထု အရည်အသွေး စံချိန် မပြည့်မီ

မီးခိုးမြူကြောင့် ဘေဂျင်းမှာ အနီ သတိပေးချက်ထုတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မီးခိုးငွေ့တွေ ဖုံးနေတဲ့ တရုတ်မြို့တွေ

လေထုညစ်ညမ်းမှု နည်းပြီး လေပိုသန့်စင် လာပေမယ့် ဆင်းရဲနွမ်းပါးတဲ့ လူတွေ အအေးဒဏ်ကြောင့် သေရနိုင်တယ်လို့ လူမှုကွန်ယက်တွေမှာ မကျေမနပ် ရေးသားနေကြပါတယ်။

တချို့ ကလည်း မူကတော့ ရည်ရွယ်ချက် ကောင်းပါရဲ့၊ ဒီလိုပုံနဲ့တော့ အကောင်အထည်ပေါ်မှာ မဟုတ်ပါဘူး ဆိုပြီး တရုတ် လူမှုကွန်ယက် ဝေဘိုမှာ တယောက်က မှတ်ချက်ရေးပါတယ်။

အစိုးရရဲ့ ကျောက်မီးသွေး မသုံးရ မူ စတင်ချိန်မှာ အစိုးရက နိုင်ငံတ၀န်းမှာ ကျောက်မီးသွေးသုံး ဘွိုင်လာစနစ်ကို မသုံးရ၊ ကျောက်မီးသွေးသုံးရင် ရောင်းရင် အရေးယူမယ် ဆိုပြီး တိတိကျကျ လိုက်နာဖို့ ဆိုင်းဘုတ်တွေ ထောင်ပြီး သတိပေး နေခဲ့တာဖြစ်ပါတယ်။

နောက်ပြီးကျောက်မီးသွေးကို စက်မှုလုပ်ငန်းနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေမှာလည်း မသုံးဖို့ တားမြစ်ခဲ့ပါတယ်။

အခုတော့ ဒီပေါ်လစီကို သူတို့ ယာယီ ဆိုင်းထားလိုက်ရပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း ၈၀ ကျော် မီးလောင်နေတဲ့ အိန္ဒိယက ကျောက်မီးသွေးတွင်း

တရုတ် လေထု ညစ်ညမ်းမှုကြောင့် လူ သန်း၅၀၀ အသက်ပိုတို

ဓာတ်ပုံ မူပိုင် Reuters
Image caption မွန်ဂိုလီးယားက ကျောက်မီးသွေးတင် ကားတန်းကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တရုတ် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက တရုတ် အရှေ့မြောက်ဘက် မြို့ကြီး ၂၈ မြို့မှာ ကျောက်မီးသွေး ပြန်သုံးနိုင်တယ် ဆိုပြီး ညွှန်ကြားချက်ထုတ် ခဲ့တယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြ ခဲ့ပါတယ်။

တချို့ဒေသတွေမှာ အစိုးရရဲ့ အစီအစဉ်အတိုင်း ကျောက်မီးသွေးအစား လျှပ်စစ် ဒါမှမဟုတ် ဓာတ်ငွေ့ စတဲ့ လောင်စာတွေနဲ့ အစားထိုး မသုံးနိုင်ကြသေးဘူး ဆိုတာ တွေ့ရှိရတဲ့ အတွက် အနွေးဓာတ်ရဖို့ အရေး စိုးရိမ်မှုတွေ ရှိနေကြတယ် ဆိုတာ သိရှိရတဲ့ အတွက် ယာယီ ကျောက်မီးသွေးကို သုံးကြဖို့ ဆိုပြီး အစိုးရ ရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

အစိုးရရဲ့ ကူးသန်းရောင်း၀ယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဓာတ်ငွေ့တွေ ပိုတင်သွင်းနေပြီး ဓာတ်ငွေ့ပိုက်လိုင်းနဲ့ သဘာဝ ဓာတ်ငွေ့ရည် ပိုက်လိုင်းတွေလည်း သွယ်တန်းနေတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးက ပြောခဲ့ကြောင်း ဆင်ဝှာ သတင်းက ဖော်ပြပါတယ်။

ဒါပေမဲ့ နိုင်ငံ ပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ကတော့ ဒီနှစ်မှာ အလွန်အမင်း အအေးဓာတ်ပိုကဲမှာ ဖြစ်တဲ့အတွက် နိုင်ငံမှာ ဓာတ်ငွေ့ နောက်ထပ် ပြတ်လပ်မှုတွေ ကြုံရနိုင်တယ်လို့ သတိပေးနေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောက်မီးသွေး အပူတပြင်း လိုနေတဲ့ တရုတ်ပြည်