မန်ဟက်တန် အရပ်မှာ ပေါက်ကွဲမှု ဖြစ်

Image caption အနည်းဆုံး လူတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိ

မက်ဟန်တန် ရပ်ကွက်မျာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ နယူးယောက် မြို့တော်ဝန်က ပြောပါတယ်။

အကြမ်းဖက် သမား တွေရဲ့ လုပ်ရပ် မအောင်မြင်ခဲ့ဘူးလို့လည်း မြို့တော်ဝန် ဘေလ် ဒီ ဘလက်ဆီယို က ဆိုပါတယ်။

အစောပိုင်း မှာ ဖြစ်ပွား ခဲ့တဲ့ မန်ဟက်တန် အရပ်က ဆိပ်ကမ်း အာဏာပိုင်ရုံးနားက ဘတ်စ်ကား ဂိတ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အသက် ၂၇ နှစ် အရွယ် ရှိတဲ့ အကာယဒ် အူလာ ဆိုသူ ကို ဖမ်းဆီး ရမိထားပြီး သူ့ကိုယ်မှာ တပ်ဆင် ထားတဲ့ နည်း ပညာ သိပ်မမြင့်တဲ့ ကိရိယာကို ဖောက်ခွဲစဉ်မှာ သူလည်း ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

သူဟာ အသေခံ ဖောက်ခွဲရေး လုပ်ဖို့ ကြံစည် ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။ ဒါ့အပြင် အနီးအနား က လူ ၄ ယောက်ဟာလည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

ဘတ်စ်ကားဂိတ် တစ်ခု ကနေ တစ်ခု ကို ကူးသန်း သွားလာတဲ့ စင်္ကြံလမ်း မှာ ပိုက်နဲ့ လုပ်တဲ့ ဗုံး ပေါက်ကွဲ တာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဉီး က ပြောခဲ့ပါတယ်။