ကန်ရဲ့ အင်တာနက်မြန်နှုန်း အတူတူရှိရေး ဥပဒေပြင်ဆင်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မဲခွဲနေစဉ် လုံခြုံရေး နှောင့်ယှက်မှုတွေလည်း ကြုံတွေ့ခဲ့ရ

အမေရိကန် နိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ အနေနဲ့ အင်တာနက် မြန်နှုန်း ကို တသမတ် ထဲ ထား ရမယ်ဆိုတဲ့ သမ္မတ ဟောင်း အိုဘားမား လက်ထက် က ပြဌာန်း ခဲ့တဲ့ Net Neutrality ဆိုတဲ့ ဥပဒေ ကို ပြင်ဆင် လိုက်ပြီ ဖြစ်ပါတယ်။

Net Neutrality ဆိုတာက အင်တာနက် အသုံးပြု သူတွေ၊ ဗီဒီယိုကြည့် မလား၊ စာဖတ်မလား၊ ဒါမှမဟုတ် ဈေးဝယ် ကုမ္ပဏီကြီးတွေ ရဲ့ ဝက်ဆိုက်ဒ် ကို ကြည့်မလား၊ အသုံးပြုသူ က ဘာပဲ လုပ်နေလုပ်နေ၊ အိမ်မှာ တပ်ဆင် ထားတဲ့ ဘရော့ဘန်း အင်တာနက် အမြန် နှုန်း က အတူတူပဲ ဖြစ်ရမယ်လို့ သတ်မှတ် ထားတာပါ။

ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် FCC မှာ လုပ်တဲ့ ဥပဒေ ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ် ခဲ့ရာမှာတော့ သုံးမဲ နှစ်မဲ နဲ့ အတည်ပြု လိုက်တာလည်း ဖြစ်ပါတယ်။ FCC ကို ဦးဆောင်နေသူ မစ္စတာ အာဂျစ် ပိုင်ကတော့ မဲခွဲပြီးနောက်ပိုင်းမှာ အမေရိကန် ပြည်သူတွေ အနေနဲ့ သူတို့ ကြည့်လိုတဲ့ ဝက်ဆိုဒ် တွေကို ကြည့်ခွင့် ရဦးမှာပါ၊ သူတို့ နှစ်သက်တဲ့ အွန်လိုင်း ဗီဒီယို ဝန်ဆောင်မှုတွေကိုလည်း ကြည့်ခွင့်ရနေဦးမှာပါ။ အားလုံး အတွက် အင်တာနက် လို့ ပြောဆိုပါတယ်။

သူက အားလုံး အတွက် အင်တာနက်၊ ပြီးတော့ တားဆီးတာ ပိတ်ပင် တာတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့်နည်းပညာ လုပ်ငန်း ကြီး တစ်ခုလည်း ဖြစ်၊ အင်တာနက် ဘရောက်ဆာ ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း ဖြစ်တဲ့ မော်ဇီလာ ကုမ္ပဏီ တာဝန်ရှိသူ မီရှဲလ် ဘေကာ ကတော့ ဥပဒေ ပြင်ဆင်မှု ဟာ အားလုံး အတွက် တားဆီး ပိတ်ပင်မှုတွေ လာတော့ မယ်လို့ ပြောဆိုပါတယ်။

အသစ် ပြင်ဆင်တော့မယ့် Net Neutrality ဥပဒေ မှာ အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ တွေဟာ သူတို့ ရဲ့ စိတ်တိုင်းကျ မြန်နှုန်း တွေကို ပြင်ဆင် ခွင့်ရရှိနိုင်ပါတယ်။

အဲဒါကြောင့် Google၊ Yahoo Facebook စတဲ့ အင်တာနက် Search engins ကုမ္ပဏီကြီး တွေ၊ facebook twitter စတဲ့ လူမှုကွန်ရက်တွေ၊ အက်မေဇုန် လို အွန်လိုင်း ဈေးရောင်းတဲ့ ကုမ္ပဏီကြီးတွေ၊ တစ်ခါ အွန်လိုင်း ဗီဒီယို ဝန်ဆောင်မှု ပေးတဲ့ Netflix လို ကုမ္ပဏီတွေက သူတို့ ဆီကို လူတွေများများ လာရေး အတွက် ဘရော့ဘန်း ကုမ္ပဏီတွေကို ဝန်ဆောင်ခ ပေးတာမျိုး တွေ လုပ်လာ နိုင်ပါတယ်။

တစ်ခါ အဲဒီ ကုမ္ပဏီကြီးတွေက သူတို့ ဝက်ဒ်ဆိုက် အသုံးပြုသူ တွေကို အသုံးပြုခ တိုးမြှင့် ကောက်ခံ နဲ့ ဆိုတော့ နောက်ဆုံး အင်တာနက် တပ်ဆင်ထားသူ၊ အသုံးပြုသူတွေသာ ဆုံးရှုံး နစ်နာမှာ ဖြစ်တယ်လို့ ဝေဖန် ထောက်ပြ နေကြ ပါတယ်။

ဒီ ဥပဒေ ပြင်ဆင် တဲ့ မဲခွဲ ဆုံးဖြတ်မှု ကို တရားဥပဒေ ကြောင်း အရ ရင်ဆိုင် သွားမယ်ဆိုပြီး Internet Freedom လို အဖွဲ့ကြီး ကလည်း ပြောဆို နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ