ရွေးကောက်ပွဲပြီး နှစ်လကြာ သြစတြီးယား ညွန့်ပေါင်းဖွဲ့

ဓာတ်ပုံ မူပိုင် EPA
Image caption Sebastian Kurz သြစတြီးယား နိုင်ငံကို ခေါင်းဆောင်မယ့် အလားအလာ ရှိလာနေပြီ

သြစတြီးယားမှာ Heinz-Christian Strache ခေါင်းဆောင်တဲ့လွတ်လပ်မှု ပါတီနဲ့ သြစတြီးယား ပြည်သူ့ပါတီ APP က ခေါင်းဆောင် ဖြစ်တဲ့ Sebastian Kurz က ညွှန်ပေါင်း ဖွဲ့လိုက်ပြီ ဖြစ်ပါတယ်။

APP ဟာ ရှေးရိုးစွဲ ဝါဒီ ကွန်ဆာဗေးတစ်တွေ ဖြစ်ပြီး လွတ်လပ်ရေး ပါတီကတော့ သိပ်အင်အား မကြီးဘဲ ပျော့ပြောင်းတဲ့ လူ၀င်မှုကြီးကြပ်ရေး စည်းမျဉ်းတွေကို ဆန့်ကျင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သြစတြီးယားဟာ လက်ယာစွန်းရောက် အစိုးရ ခေါင်းဆောင်တဲ့ အနောက်ဥရောပက တခုတည်းသော နိုင်ငံဖြစ်လာ တော့မှာပါ။

အစိုးရသစ် ဖွဲ့နိုင်ရေးအတွက် ဒီဇင်ဘာ ၁၆ရက်နေ့မှာ မှာ ဆွေးနွေးကြဖို့ ပါတီခေါင်းဆောင် နှစ်ယောက်ကို သြစတြီးယား သမ္မတက ဖိတ်ခေါ်ထားပါတယ်။

သြစတြီးယားမှာ လူ၀င်မှု ကိစ္စအပေါ် စိုးရိမ်မှု လွှမ်းမိုးခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပြီး နှစ်လ အကြာမှာ အခုလို ညွန့်ပေါင်း ဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ သမ္မတက အတည်ပြုမယ် ဆိုရင် အသက် ၃၁ နှစ်သာ ရှိသေးတဲ့ မစ္စတာ ခူးထ်စ် ဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး နိုင်ငံခေါင်းဆောင် ဖြစ်လာတော့မှာပါ။