အတူတကွ ပူးတွဲ နေထိုင်ဖို့ စပိန်ဘုရင်ပန်ကြား

ဓာတ်ပုံ မူပိုင် AFP
Image caption ညီညွတ်မှု ရှိကြဖို့ စပိန် ဘုရင် တိုက်တွန်း

ကတ်တလိုးနီးယား လွှတ်တော် ရွေးကောက်ပွဲတွေမှာ ခွဲထွက်ရေးသမားတွေက အနိုင်ရသွားခဲ့ပြီးနောက် ညီညွတ်မှုရှိကြဖို့ နဲ့ တဉီးနဲ့တဉီး အပြန်အလှန်လေးစားကြဖို့ စပိန်ဘုရင်က ပန်ကြားလိုက်ပါတယ်။

လွတ်လပ်ရေး အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေ အစား အတူတကွ ပူးတွဲနေထိုင်ကြဖို့ ကတ်တလန် ပြည်သူတွေကို ဘုရင် Felipe က ခရစ်စမတ် သတင်းစကားနဲ့ အတူ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ကတ်တလန် ခွဲထွက်ရေး ခေါင်းဆောင် တွေကို သူ့အဆိုအရ မရိုးသားဘူးလို့ ဆိုကာ ရှုတ်ချတဲ့ မိန့်ခွန်းတရပ်ကို ဘုရင်က ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ပြောကြားခဲ့တာကြောင့် အများဝေဖန်တာ ခံခဲ့ရပါတယ်။

ဒါပေမယ့် ကတ်တလိုးနီးယား ဒေသမှာ တရားဥပဒေနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ လူထုဆန္ဒခံပွဲ ဆိုပြီး ဒါကိုရပ်တန့်ဖို့ ကြိုးစားခဲ့တဲ့ ရဲတွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုကိုတော့ ဘုရင်က ဝေဖန်မှု တစုံတရာ မလုပ်ခဲ့ပါဘူး။

ဆက်စပ် အကြောင်းအရာများ