ပူတင် စတုတ္တအကြိမ် သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံတလွှား ဆန္ဒပြပွဲ ကျင်းပသွားမယ်လို့ နေဗယ်နီ ဆိုပြီ

ရုရှားသမ္မတ ဗလာဒီမြာပူတင်ဟာ လာမယ့်နှစ်မတ်လမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လေးကြိမ်မြောက်ဆက်ပြီး ၀င်အရွေးခံဉီးမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။

အခုလို ရွေးကောက်ပွဲ ကိုယ်စားလှယ် အမည်စာရင်း မော်စကိုမြို့မှာ ကြေညာစဉ်မှာတော့ သူ့ကို မတွေ့ရပါဘူး။

ဒီကိုယ်စားလှယ်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလိုက်ပြီဖြစ်ပေမယ့် မစ္စတာ ပူတင်ရဲ့ ပြိုင်ဖက် အလက်ဆီ နေဗယ်နီ ကိုတော့ လိမ်လည်မှုနဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်လုံး၀ ပိတ်ထားခဲ့ပါတယ်။

ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးလို့ဆိုကာ သပိတ်မှောက်ဖို့ ဆော်သြမယ့် မစ္စတာ နေဗယ်နီရဲ့ ခြိမ်းခြောက်မှုကို ဥပဒေရေးရာ ကျွမ်းကျင်သူတွေက စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မယ်လို့ ကရင်မလင် နန်းတော် ပြောခွင့်ရသူ ဒီမစ်ထရီ ပတ်စ်ကော့ဗ်က ပြောပါတယ်။

မစ္စတာ နေဗယ်လ်နီကတော့ သူ့အပေါ် စွဲဆိုထားချက်တွေဟာ နိုင်ငံရေး ပယောဂတွေ ပါနေတယ်လို့ ပြောနေပါတယ်။

ဒါကို ဥရောပ သမဂ္ဂ ပြောခွင့်ရသူ ကလည်းထောက်ခံခဲ့ပြီး ရွေးကောက်ပွဲမှာ အတိုက်အခံ ပြိုင်ဖက်ကို ၀င်ပြိုင်ခွင့် မပေးတာဟာ ရုရှားနိုင်ငံရေးမှာ အကြီးအကျယ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ