ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးတဲ့ အီရန်ကို အမေရိကန် ရှုတ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာသာရေး ခေါင်းဆောင်တွေ တိုင်းပြည်ကို အုပ်ချုပ်နေတာကို ဆန့်ကျင်တဲ့ဖက်ကို ဦးတည်သွားနေပါတယ်။

အီရန်နိုင်ငံမှာ ကြာသပတေးနေ့က စပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေကို အစိုးရက ဖမ်းဆီးခဲ့တာကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။

အခြေခံအခွင့်အရေးနဲ့ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ အီရန်လူထုတွေကို နိုင်ငံတကာက ထောက်ခံဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

တီရီဟန်မြို့တော်မှာရှိတဲ့ ရင်ပြင်မှာ စုရုံးတဲ့ ဆန္ဒပြသူ အနည်းငယ်ကို ထိန်းသိမ်း ထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်က ဒုတိယလူဦးရေ အထူထပ်ဆုံး မာရှက် (Mashhad)မြို့မှာ ဆန္ဒပြမှုတွေ ကြာသပတေးနေ့က စတင်ခဲ့တာပါ။

အခုတော့ ဆန္ဒပြမှုတွေက ကာမန်ရှား (Kermanshah)၊ ရှပ်ရှ် (Rasht)၊ အက်စ်ဖာဟန် (Isfahan) နဲ့ ကွန်း (Qom)မြို့တွေ့ကို ကူးစက်လာနေပါတယ်။

Image caption ကာမန်ရှား (Kermanshah)၊ ရှပ်ရှ် (Rasht)၊ အက်စ်ဖာဟန် (Isfahan) နဲ့ ကွန်း (Qom)မြို့တွေ့ကို ကူးစက်လာနေပါတယ်။

ကာမန်ရှားမြို့မှာတော့ မှာတော့ ဆန္ဒပြတဲ့သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအကြား အဓိကရုဏ်း ဖြစ်ပွားတဲ့ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို လူမှုရေး ကွန်ရက်ပေါ် တင်ထားခဲ့ပါတယ်။

Wave of protests hits Iranian cities

အများပိုင် ပစ္စည်းတွေကို ဆန္ဒပြတဲ့သူတွေက ဖျက်ဆီးပြီး လူစုကွဲသွားတယ်လို့ အီရန် မီဒီယာတွေမှာ ရေးသားပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်မားလာတာကို စတင် ဆန္ဒပြခဲ့ရာကနေ ဘာသာရေး ခေါင်းဆောင်တွေ တိုင်းပြည်ကို အုပ်ချုပ်နေတာကို ဆန့်ကျင်တဲ့ဖက်ကို ဦးတည်သွားနေပါတယ်။

ထောင်နဲ့ချီတဲ့လူတွေ ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြပြီး တချို့ကတော့ အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ ခါမေနီးကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ဒါအပြင် ဆီးရီးယား ပဋိပက္ခမှာ အီရန်အစိုးရက အသုံးပြုနေတဲ့ ငွေတွေကို ကိုယ့်နိုင်ငံတွင်းမှာ အသုံးပြုဖို့ ဆန္ဒပြတဲ့သူတွေက တောင်းဆိုခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်က အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ပြီးတဲ့ နောက် ခုတကြိမ်ဟာ မကျေနပ်ချက်တွေကို လူထုက အပြင်ထန်ဆုံး ထုတ်ဖော်တာလို့ ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။

ဘီဘီစီ ပါးရှန်းသတင်းထောက် ကာစရာ နာဂျေး (Kasra Naji)ကတော့ အီရန်မှာ အစိုးရ ဆန္ဒပြပွဲဟာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်သလို ဒီဆန္ဒပြပွဲဟာ အီရန်က တာဝန်ရှိသူတွေကို အံအားသင့်စေတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ