၂၀၁၈မှာ ကမ္ဘာ့အရေး ပိုမိုပါဝင်မယ်လို့ ရှီကျင်းပင် ပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ် သမ္မတ ရှီကျင်းပင်

တရုတ်နိုင်ငံဟာ ၂၀၁၈မှာ ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်သွားမယ်လို့ သမ္မတ ရှီကျင်းပင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ ရေးရာ မှာ ပိုမိုပါ၀င်လာတဲ့ တရုတ်ရဲ့ ထင်ရှားတဲ့ ရပ်တည်ချက် ကို အခုအခါ ကမ္ဘာက မျှော်လင့်နေလိမ့်မယ်လို့ မစ္စတာရှီက သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂ ရဲ့အ ချုပ်အချာ အာဏာကို တရုတ်က ထိန်းသိမ်းသွားမှာဖြစ် ပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ ထောက်ပံ့ကူညီ သွားမယ်လို့ လည်း သူက ကတိပေးခဲ့ပါတယ်။

ကမ္ဘာကြီးမှာ တည်ငြိမ်မှု ရှိစေဖို့ တရုတ်က လုပ်ဆောင်သွားမှာပါလို့ မစ္စတာ ရှီက ပြောနေပေမယ့် တရုတ်ရဲ့ အကျိုးစီးပွား ဖြစ်အောင် ပုံသွင်းသွားမယ် ဆိုတာကို သမ္မတ က ပြသ လိုက်တာဘဲလို့ သတင်းထောက်တွေက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အရင်သမ္မတတွေ လက်ထက်တုန်းကတော့ နိုင်ငံတကာ အလယ်မှာ ပေါ်ပေါ်လွင်လွင် ထင်ထင် ရှားရှား မဟုတ်တဲ့ အနေအထားနဲ့သာ နေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ