အီရန် ဆန္ဒပြပွဲတွေ တိုးမြင့် ဖြစ်ပေါ်လာ

Image caption အီရန် အနှံ့အပြားက မြို့တွေမှာ ဆန္ဒပြပွဲတွေ ပိုတိုးပြီး ရှိလာ

အီရန်နိုင်ငံတလွှား အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပေါ် နေပြီး၊ အစိုးရ ရဲအမှုထမ်း တစ်ယောက် သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတယ်လို့ အီရန် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံ အလယ်ပိုင်း နာဂျက်ဖ်ဖာဘတ်မြို့မှာ အမဲလိုက် ရိုင်ဖယ်သေနတ် ကိုင်ထားတဲ့ ( အီရန်ရဲ ပြောခွင့်ရရဲ့ အသုံးအနှုန်းအရ ဆိုရင်) ဆူပူသူ တစ်ယောက်ကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်၊ ကြာသပတေးနေ့က စလို့ အီရန်မှာ အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက် လာခဲ့တဲ့နောက် အစိုးရ လုံခြုံရေး ဝန်ထမ်း သေဆုံးတဲ့ ဖြစ်ရပ် စတင် ရှိလာလို့ ယူဆရပါတယ်။

အခုရဲ အမှုထမ်းနဲ့ပါ ဆိုရင် ၅ ရက်တာ ဆန္ဒပြပွဲတွေ အတွင်း သေဆုံးသူ အနည်းဆုံး ၁၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

နှစ်ဆန်း တစ်ရက်နေ့ မိုးချုပ်လာချိန်ထိ မြို့တော် တဟီရန် အပါအဝင် အီရန် အနှံ့အပြားက မြို့တွေမှာ ဆန္ဒပြပွဲတွေ ပိုတိုးပြီး ရှိလာ နေပါတယ်။

Image caption အကြမ်းဖက်တာကိုတော့ ခွင့်မပြုနိုင်
Image caption သေဆုံးသူ အနည်းဆုံး ၁၃ ယောက် ရှိသွားပြီ

ပြည်သူတွေ အနေနဲ့ အစိုးရကို မကျေနပ်ရင် လွတ်လပ်စွာ ကန့်ကွက် ဆန္ဒပြနိုင်ပေမယ့် အကြမ်းဖက်တာကိုတော့ ခွင့်မပြုနိုင်ကြောင်း အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောထားပါတယ်။

အခြေခံစားကုန်တွေ စျေးနှုန်းတက်လာတဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြကြ ရာကနေ နိုင်ငံတွင်း ကူးစက်လာတဲ့ အတွက် ဘာသာရေး ခေါင်းဆောင်တွေ နိုင်ငံကို အုပ်ချုပ်နေတဲ့ အပေါ် ဆန့်ကျင်လာတဲ့ အနေထားမျိုးထိ ရောက်လာခဲ့ပါတယ်။

အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီ ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံ တွေပါ ညံလာခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန် ငလျင်ကြီး

ဆက်စပ် အကြောင်းအရာများ