အီရန် ဆန္ဒပြသူတွေ အသံကို ပိုကြားရစေမယ်လို့ အမေရိကန်ပြော

Image caption အီရန်ပြည်သူတွေရဲ့ အသံကို ပိုပြီး ကျယ်လောင် စေချင်တယ်

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၆ ရက် ရှိနေပြီ ဖြစ်တဲ့ အီရန်နိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

သူမတူအောင် သတ္တိပြနေကြတဲ့ အီရန်ပြည်သူတွေရဲ့ အသံကို ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရစေ့ချင်တဲ့ ဆန္ဒ အမေရိကန်မှာ ရှိနေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အီရန်ဆန္ဒပြပွဲတွေနောက်မှာ သွေးထိုးမှုတွေရှိလို့ အီရန်ခေါင်းဆောင်ပြော

အီရန်နိုင်ငံထဲက ဆန္ဒပြပွဲတွေကို နိုင်ငံရပ်ခြား အင်အားစုတွေက ကြိုးကိုင်ဖန်တီး နေတယ်ဆိုတဲ့ အီရန်အစိုးရရဲ့ ပြောဆိုချက်ဟာ အင်မတန် အဓိပ္ပာယ် ကင်းမဲ့လှတယ် လို့လည်း နစ်ကီဟေလီက ဆိုပါတယ်။

အီရန်ရဲ့ အထွဋ် အထိပ်ခေါင်းဆောင် အယာတိုလာ ခါမေနီ ကတော့ အီရန် ဒုက္ခရောက်အောင် ရန်သူတွေ အုပ်စုဖွဲ့ လုပ်ဆောင်နေတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အီရန်အစိုးရကို ထောက်ခံကြောင်း ပြသတဲ့ တန်ပြန် ချီတက်ပွဲ တွေကို ဆန္ဒပြပွဲတွေ အကြီးအကျယ် ရှိနေတဲ့ နေရာတွေမှာ ပြုလုပ်သွားမယ်လို့ အီရန် အစိုးရက ကြေညာထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ