အီဂျစ် ဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲ၀င်မပြိုင်တော့ဘူးလို့ ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption အီဂျစ် သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ရုတ်သိမ်းလိုက်တဲ့ ဝန်ကြီးချုပ်ဟောင်း အာမက်ရှဖိခ်

အီဂျစ်မှာ ဒီနှစ်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ မပြိုင်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ၀န်ကြီးချုပ်ဟောင်းAhmed Shafik ပြောပါတယ်။

သူဟာ လက်ရှိသမ္မတAbdel Fattah al-Sisi ကို အကြီးအကျယ် စိန်ခေါ်မယ့် ပြိုင်ဖက်ကောင်းတယောက်လို့ အများကရှု မြင်ကြပါတယ်။

မစ္စတာရှာဖိခ် ဟာ ယူအေအီးနိုင်ငံမှာ ရှိစဉ်တုန်းက အီဂျစ်သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူဟာ အီဂျစ်နိုင်ငံရဲ့ လေကြောင်း ဦးစီးချုပ် ဖြစ်ခဲ့ဖူးသလို မြို့ပြလေကြောင်းဌာနရဲ့ ဝန်ကြီး တာဝန်လည်း ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းက ပြိုင်ဖက် မိုဟာမက် မော်စီကို ရှုံးနိမ့် သွားစဉ် က စလို့ ယူအေအီး နိုင်ငံဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ အပြီးမှာ ၂၀၁၈ သမ္မတ ရွေးကောက်ပွဲ ကို ပါဝင် ယှဉ်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကြေညာချက် ထွက်တာနဲ့ ယူအေအီး အာဏာပိုင်တွေ က ဖမ်းပြီး သူ့ကို အီဂျစ်ကို ပြန်ပို့ လိုက်ပါတယ်။

အီဂျစ် ကို သူပြန် ရောက်လာပေမဲ့ လည်း မိသားစု နဲ့ ဆက်သွယ်ခွင့် မရ လို့ အစိုးရ က တဖန် ထိန်းသိမ်းထားလေသလား ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာခဲ့ပါတယ်။

အဲဒီနောက် မကြာခင် အချိန်ပိုင်း အတွင်းမှာ မစ္စတာ ရှာဖိခ် ဟာ အီဂျစ် ရုပ်သံ နဲ့ မေးမြန်းခန်း ထွက်ပေါ်လာပြီး သူဟာ ပြန်ပေးဆွဲ ခံရတာ မဟုတ်တဲ့ အကြောင်း၊ သမ္မတ လောင်း အနေနဲ့ ယှဉ်ပြိုင်ရေး မှာလည်း ပြည်တွင်းနဲ့ ငါးနှစ်ခန့် အဆက်အသွယ် ပြတ်နေသူ ဖြစ်နေတဲ့ အတွက် နိုင်ငံ ရဲ့ တာဝန် တွေ ကို ပြည့်ပြည့်ဝဝ ထမ်းဆောင် နိုင်မှာ မဟုတ်ဘူး လို့ သုံးသပ်မိကြောင်း တွေ ဖြေကြား သွားပါတယ်။

မစ္စတာ ရှာဖိခ် ဟာ အစိုးရ ဖိအားပေးမှုကြောင့် သမ္မတလောင်း အမည်စာရင်း တင်သွင်းထားတာ ကို ရုပ်သိမ်းတာ ဖြစ်နိုင်သလို သူဟာ လက်ရှိ သမ္မတ အက်ဘ်ဒဲလ် ဖါတာ အယ်လ် စီးစီ ကို အဓိက စိန်ခေါ် နိုင်သူ ဖြစ်ကြောင်း အများက ခန့်မှန်းကြပါတယ်။

ဒါကြောင့်မို့ လာမဲ့ လပိုင်းတွေ အတွင်းမှာ အီဂျစ် ရဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေ ဟာ ပိုမို သက်ဝင် လှုပ်ရှား လာနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ