အာကာသထဲက ရေဒီယိုလှုပ်ရှားမှု ဂြိုဟ်သားတွေ အချက်ပြတာမဟုတ်

ဓာတ်ပုံ မူပိုင် DR SETH SHOSTAK/SCIENCE PHOTO LIBRARY
Image caption ဆန်းပြား လျင်မြန်တဲ့ ရေဒီယို လှုပ်ရှားမှု အရင်းအမြစ်ကို ရှာဖွေ ရှင်းပြနိုင်ပြီ

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က တွေ့ရှိခဲ့တဲ့ အာကာသထဲက ဆန်းပြား လျင်မြန်တဲ့ ရေဒီယို လှုပ်ရှားမှု အရင်းအမြစ်ကို ရှာဖွေ ရှင်းပြနိုင်ပြီလို့ နိုင်ငံတကာ နက္ခတ္တဗေဒ ပညာရှင်တွေက ထုတ်ပြန်ပါတယ်။

ဒီရေဒီယိုလှုပ်ရှားမှုကို တခြား ဂြိုဟ်သားတွေဆီက အချက်ပေးတာလို့ အရင်က လေ့လာသူ အများစု ယူဆခဲ့ကြပြီး ဒါဟာ နက္ခတ္တဗေဒ ပညာရပ်မှာ ပဟေဋ္ဌိတခုလို ဖြစ်ခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အာကာသ အမှိုက် ရှင်းလင်းရေးယာဉ်

ထူးခြားတဲ့ ဒီထုတ်လွှင့်မှုဖြစ်ရတာဟာ အားပြင်းတဲ့ သံလိုက်စက်ကွင်းနဲ့ ကြယ်ကြွေတာကနေ အခြေတည် ဖြစ်လာတာလို့ အမေရိကန် နက္ခတ္တဗေဒဆိုင်ရာ အဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။

နက္ခတ္တဗေဒလောကမှာ သိုလောသိုလော ဖြစ်နေတဲ့ အရာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားတာကြောင့် ဒီတွေ့ရှိမှုကို နက္ခတ္တဗေဒ လေ့လာသူတွေက ချီးကျူးခဲ့ကြပါတယ်။

ဒီအချက်ပြတဲ့ ဖြစ်စဉ်ဟာ ကမ္ဘာမြေကို ရောက်ဖို့ အလင်းနှစ် ၃ ဘီလီယံ အကွာအဝေးကို ဖြတ်သန်းခဲ့ရတာပါ။

လျင်မြန်တဲ့ ရေဒီယို လှုပ်ရှားမှုကို ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ နက္ခဗေဒပညာရှင်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ