သုံးနှစ်အတွင်း ရေနံစိမ်းဈေး အမြင့်ဆုံး ခုန်တက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီနှစ်နောက်ပိုင်းမှာ ရေနံစိမ်းဈေး တည်ငြိမ်မယ်

ထုတ်လုပ်မှုအားကျသွားတာကြောင့် ရေနံစိမ်းဈေးတွေ ဒီဇင်ဘာ ၁၁ ရက်က အမြင့်ဆုံး ခုန်တက်သွားပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ရေနံစိမ်း တစည်ကို ဒေါ်လာ ၇၀ အထိ ခုန်တက်သွားပြီး အနည်းငယ်သာ ဈေးပြန်ကျခဲ့တာပါ။

ဈေးကွက်ဝယ်လိုအားမြင့်တက်လာတာနဲ့ စီးပွားရေး အလားအလာတွေ တိုးတက်လာတာကြောင့် ဇွန်လကတည်းက ရေနံစိမ်းဈေးတွေ တဖြည်းဖြည်း တက်လာ တာပါ။

ဒီနှစ်နောက်ပိုင်းမှာ ရေနံစိမ်းဈေး တည်ငြိမ်မယ်လို့ ရေနံစိမ်းဈေးကို လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

ကမ္ဘာပေါ်မှာ ရေနံစိမ်း ၄၀ ရာခိုင်နှုန်းထုတ်လုပ်ပေးနေတဲ့ နိုင်ငံ ၁၄ နိုင်ငံက ထုတ်လုပ်မှုကို လျော့ချဖို့ နိုဝင်ဘာလက သဘောတူညီခဲ့ကြပါတယ်။

အမေရိကန် စွမ်းအင် သတင်းဆိုင်ရာ အဖွဲ့အစည်းကတော့ ရေနံစိမ်းထုတ်လုပ်မှုတွေ ကျသွားတယ်လို့ ပြောဆိုပါတယ်။ အမေရိကန် ရေနံဈေးကလည်း တစည်ကို ၁၅ ရာခိုင်နှုန်း ဒေါ်လာ ၆၄.၅၁ ထိတက်သွားတယ်လို့ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ