ပြင်သစ်ပေါင်မုန့်ရှည်ကို ယဉ်ကျေးမှု အမွေ စာရင်းသွင်းဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် PHILIPPE LOPEZ
Image caption မာကျွတ်ကျွတ် ပေါင်မုန့်ကြီးတွေ တကမ္ဘာလုံးကို စွဲဆောင်နိုင်

ပြင်သစ် နိုင်ငံမှာ ဘဂက် လို့ ခေါ်တဲ့ ရိုးရာ ပေါင်မုန့် ရှည်ကြီးတွေကို ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေ စာရင်းသွင်းဖို့ သမ္မတ အီမန်ဝဲ မက်ကရွန်က တောင်းဆို လိုက်ပါတယ်။

ဘဂက် ပေါင်မုန့် ဆိုတာ ပြင်သစ်ပြည်မှာ မနက်စာ နေ့လယ် ညစာ အလျဉ်းသင့်တိုင်း စားကြတဲ့ ပေါင်မုန့်ရှည်တွေ ဖြစ်ပါတယ်။

ဒီဘဂက်ကို မုန့်ဆိုင်မှာ စီတန်း ဝယ်ရတာကလည်း ပြင်သစ် လူမျိုးတွေရဲ့ ဓလေ့ တခု ဖြစ်ပါတယ်။

လူတောင် ရိုက်လို့ရအောင် ရှည်တဲ့ မာကျွတ်ကျွတ် ဒီပေါင်မုန့်ကြီး တွေဟာ တကမ္ဘာလုံးကို စွဲဆောင်နိုင်တဲ့ မုန့်တွေ ဖြစ် ပါတယ်လို့ ပြင်သစ် သမ္မတ မက်ကရွန်က ပြင်သစ် အမျိုးသား မုန့်ဖုတ် အသင်းကြီးအတွက် ထောက်ခံ တောင်းဆိုခဲ့ပါတယ်။

၈ လေးလုံး အရေးအခင်းကို ကမ္ဘာ့သမိုင်း ဖြစ်ရပ်အဖြစ်မှတ်တမ်းတင်ဖို့ ကြိုးပမ်း

ခါကာဘိုရာဇီ ကမ္ဘာ့အမွေအနှစ် ဖြစ်လာဖို့ ကြိုးစားနေ

ယူနက်စကိုအဖွဲ့က အမေရိကန်နုတ်ထွက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပီဇာကို ယူနက်စကို အသိအမှတ်ပြု

အီတလီ နိုင်ငံ နေပယ် မြို့က ပီဇာ မုန့်ကို မကြာခင်က ယူနက်စကို ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့တဲ့အတွက် ပြင်သစ်မှာလည်း ဒီဂယက်က ရိုက်လာခဲ့ပါတယ်။

ဒီလို ယူနက်စကို စာရင်းတင်တာတွေက ကမ္ဘာပြု ဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုကနေ ဓလေ့ထုံးစံတွေကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

ပြင်သစ်တွေက ဒီပေါင်မုန့် နာမည်နဲ့ ပုံသဏ္ဌာန်သာ မက မုန့်စပ်နည်း မုန့်ဖုတ်နည်းနဲ့ ပါတဲ့ အမည် အမျိုးအစားကအစ ထိန်းသိမ်းစေချင်တာပါ။

ဒီအတွက် မုန့်ဖုတ်အသင်းကို ပြင်သစ် သမ္မတက သမ္မတ နန်းတော်မှာ ခေါ်ယူ အားပေးခဲ့ပါတယ်။

ပုပ္ပားတောင်ဝန်းကျင်ကို ယူနက်စကိုအမိမြေအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေ

ကုသိုလ်တော် ကျောက်စာ ကုလ အသိအမှတ်ပြု

မြန်မာ မြို့ဟောင်း ၃ မြို့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် စားပွဲ ထိုင်နည်းကအစ ကုလစာရင်းဝင်ဖို့ ကြိုးစား

ရွှေတိဂုံကို ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းနိုင်ဖို့ ကြိုးစား

စိမ်းပြာ ရေညှိ ထွက်တဲ့ နေရာ တွေ ယူနက်စကို တင်ဖို့ကြံ

အသင်းဘက်ကတော့ စတိုးဆိုင်ကြီးတွေရဲ့ အများအစား ထုတ်လုပ်မှုကြောင့် မုန့်အရည်အသွေး မထိန်းနိုင်တာကို ပူပန်ကြပါတယ်။

အနုပညာမပါဘဲ ဖုတ်တဲ့ ပေါင်မုန့် ၊ ရေခဲခန်းထဲက ထုတ်လာတဲ့ ပေါင်မုန့်၊ ရိုမေးနီးယားလား ဘယ်ကလားကမသိ လာတဲ့ ပေါင်မုန့်တွေကို တွေ့တိုင်း စိတ်တိုတယ်လို့ သူတို့က ဆိုပါတယ်။

ပြင်သစ် ဇာလုပ်နည်းနဲ့ မြင်းစီးနည်းက အစ စာရင်းသွင်းခံရအောင် ကြိုးစားခဲ့တဲ့ ပြင်သစ် နိုင်ငံအဖို့ ပြင်သစ် စားပွဲ ထိုင်နည်းကအစ စာရင်းဝင်ဖို့ ကြိုးစားနေသလို ဗြိတိန်ကတော့ တခုမှ မသွင်းသေးဘူးလို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ