ကာ့တပ်ဖွဲ့သစ် ပေါ်လာမှာကို တူရကီ ပြင်းပြင်းထန်ထန် ဆန့်ကျင်

Image caption ကာ့ဒ်တွေ လွှမ်းမိုးတဲ့ ဆီးယားရီး ဒီမိုကရက်တစ်တပ်

ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ရှိရာဆီ တူရကီက လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ် နေပါတယ်။

အဲဒီဒေသမှာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ တပ်ဖွဲ့ဝင် ၃ သောင်း အင်အားရှိတဲ့ ကာ့ဒ်လက်နက်ကိုင် တပ်အသစ်တစ်ခု ထူထောင်မယ့် စီမံကိန်းကို တူရကီက အပြင်းအထန် ဝေဖန် နေပါတယ်။

အမေရိကန်က ဖွဲ့စည်းပေးမယ် ဆိုတဲ့ ကာ့ဒ်တပ်ဖွဲ့မှာ တူရကီက အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်ထားတဲ့ ကာ့ဒ်လက်နက်ကိုင်တွေ ပါဝင်လာမှာကို တူရကီ သမ္မတ အာဒိုအန်က အကြီးအကျယ် ဝေဖန် နေပါတယ်။

Image caption လည်မျိုညှစ် သတ်မယ် ဆိုပြီး တူရကီသမ္မတ ကြိမ်းမောင်း

ဒီ တပ်အသစ်ကို မွေးစမှာပဲ လည်မျိုညှစ် သတ်ပစ်မယ် ဆိုပြီး သမ္မတ အာဒိုအန်က ပြင်းပြင်းထန်ထန် ပြောဆို ပါတယ်။

ဆီးရီးယား မြောက်ပိုင်းက ကာ့ဒ်ထိန်းချုပ်နယ် အက်ဖရင်မှာ တူရကီက စစ်ရေး လုပ်ဆောင်ချက်တွေ အကြီးအကျယ် လုပ်ဆောင်နေတယ်လို့ သမ္မတ အာဒိုအန်က အတည်ပြု ပြောဆိုပါတယ်။

Image caption ရက္ကာကို IS တွေလက်ထဲက ပြန်သိမ်းတဲ့ SDF တပ်

ဆီးရီးယားမြေမှာ ဘယ်လို တပ်ဖွဲ့ အသစ်မျိုး ပေါ်လာသည် ဖြစ်စေ ချေမှုန်းပစ်မယ်လို့ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ်ကလည်း ကြုံးဝါး ပြောဆိုပြီး အမေရိကန်တပ် အားလုံး ဆီးရီးယားကနေ မောင်းထုတ် ပစ်မယ်လို့လည်း ဆိုပါတယ်။

ကာ့ဒ်တပ်ဖွဲ့ ထူထောင်ပေးမယ် ဆိုတဲ့ အမေရိကန်ရဲ့ အစီအစဉ်ဟာ ဆီးရီးယားပို နှစ်ခြမ်းကွဲသွား စေနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က သတိပေး ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ