ထရမ့်အစိုးရ အဖွဲ့ဝင်တစ်ယောက် ပထမဆုံး အကြိမ် အစစ်ခံရ

Image caption ထရမ့်အစိုးရ အဖွဲ့ဝင်ကို စတင် စစ်ဆေး

အမေရိကန် ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ် အနေနဲ့ အထူး ကောင်စီ အဖွဲ့တစ်ခုရဲ့ စစ်ဆေး မေးမြန်းတာ ခံခဲ့ရပြီ ဖြစ်ပါတယ်။

၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲ ကာလမှာ ရုရှားရဲ့ စွက်ဖက်မှုတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းဖို့ ဖွဲ့ထားတဲ့ အထူးကောင်စီက စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ထရမ့်အစိုးရ ကက်ဘိနက်ရဲ့ အဖွဲ့ဝင် တစ်ဦးကို အထူးကောင်စီက ပထမဆုံး အကြိမ် စစ်ဆေး မေးမြန်းလာတာ ဖြစ်တဲ့ အတွက်၊ ဒီ စုံစမ်းမှုဟာ ထရမ့်ရဲ့ အာဏာ အချက်အခြာ နေရာထိ ထိုးဖောက် ဝင်ရောက် လာပြီလို့ ဆိုနိုင်ပါတယ်။

ဒီ အထူး စုံစမ်းရေး အဖွဲ့ကို အမေရိကန် ထောက်လှမ်းရေး FBI ရဲ့ ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မူလာက ဦးဆောင် နေတာ ဖြစ်ပါတယ်။

ရှေ့နေချုပ် ဆက်ရှင်စ်ကို နာရီတချို့ကြာ စစ်ဆေး မေးမြန်းခဲ့တယ်လို့ အမေရိကန် ပြည်တွင်း မီဒီယာတွေက ရေးသား နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သား ဒေါ်နယ် ထရမ့်

မစ္စတာ ဆက်ရှင်စ် အနေနဲ့ ၂ဝ၁၆ ရွေးကောက်ပွဲ အကြိုကာလမှာရော၊ ရွေးကောက်ပွဲ အလွန်မှာပါ ရုရှား သံအမတ်နဲ့ တွေ့ဆုံတာမျိုး၊ တစုံတရာ အဆက်အသွယ် ပြုလုပ်တာမျိုး ရှိခဲ့လား ဆိုတာကို စုံစမ်းရေး အဖွဲ့က သိလို ကြတာ ဖြစ်တယ်လို့ မြောက် အမေရိက ဆိုင်ရာ ဘီဘီစီ အယ်ဒီတာက ဆိုပါတယ်။

ဂျိမ်းစ်ကိုမီကို FBI ညွှန်ကြားရေးမှူး နေရာကနေ ထရမ့် ဖယ်ရှားခဲ့တာဟာ အမေရိကန် ရွေးကောက်ပွဲကို ရုရှားက လွှမ်းမိုးဖို့ ကြိုးစားခဲ့သလား ဆိုတာကို မစ္စတာ ကိုမီ စုံစမ်းခဲ့တဲ့ အတွက်လား ဆိုတာကိုလည်း အခု အထူးကောင်စီ အဖွဲ့က ဖော်ထုတ် လိုပါတယ်။

တကယ်လို့ အဲဒီ အကြောင်းကြောင့်သာ မစ္စတာကိုမီ့ကို ဖယ်ရှားလိုက်တာ ဆိုရင် သမ္မတ ထရမ့်ဟာ တရားရေး အာဏာကို နှောင့်ယှက် ဟန့်တားတဲ့ ပြစ်မှုမျိုး မြောက်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ