ထရမ့်ကြောင့် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ် ဖြစ်လိမ့်မယ်

Image caption ထရမ့်ရဲ့ "အမေရိကန်သာ ပထမ" အဝေဖန်ခံနေရ

အာရှ နိုင်ငံတွေရဲ့ ထုတ်ကုန်တွေကို အဓိက ပစ်မှတ်ထားပြီး အမေရိကန်က အသစ်ချမှတ် လာတဲ့ သွင်းကုန် အခွန် နှုန်းထားတွေဟာ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာစေလိမ့်မယ် ဆိုတဲ့ ပြောဆို ဝေဖန်မှုတွေကို သမ္မတ ဒေါ်နယ်ထရမ့် ပယ်ချ လိုက်ပါတယ်။

အဝတ်လျှော်စက်နဲ့ ဆိုလာ ပလိတ်ပြားတွေ လို ပစ္စည်းတွေ တင်သွင်းလာရင် ကောက်ခံမယ် ဆိုတဲ့ အခွန်အတုပ်တွေဟာ မစ္စတာထရမ့်ရဲ့ "အမေရိကန်သာ ပထမ" မူဝါဒရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပြီး အမေရိကန် ပြည်တွင်းထုတ်ကုန်တွေကို အကာအကွယ် ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ မူဝါဒမျိုး ဖြစ်တဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး အပေါ် အဓိကထားတဲ့ လမ်းကြောင်း ကြီးထွား လာနေတဲ့ အပေါ် ဆွစ်ဇာလန် နိုင်ငံ ဒါဗို့စ်မြို့မှာ နိုင်ငံတကာ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်က သတိပေးခဲ့ပါတယ်။

Image caption ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူကို ဆန့်ကျင်တဲ့ ကနေဒါ ဝန်ကြီးချုပ်

ကနေဒါနဲ့ တခြား ပစိဖိတ် ရပ်ဝန်း ၁ဝ နိုင်ငံ ပူးပေါင်းပြီး အသစ် ချုပ်ဆိုခဲ့တဲ့ လွတ်လပ်စွာ ကုန်သွယ်ခဲ့ သဘောတူမှုဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒတွေကို ဟန့်တား နိုင်လိမ့်မယ် ဆိုပြီး ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် မြောက်အမေရိက ဒေသတလွှား လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ထဲ ဆက်လက် ပါဝင်ရင် ရရှိလာမယ့် အကျိုးအမြတ်တွေကို သမ္မတထရမ့် ပြန်လည် ထည့်သွင်း စဉ်းစားလာဖို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ထရူးဒိုးက ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်၊ အမေရိကန်၊ ထိုင်ဝမ် သုံးပွင့်ဆိုင်လွန်ပွဲ

ကမ္ဘာ့စီးပွားရေး ဖိုရမ် ပြုလုပ်ရာ ဆွစ်ဇာလန်နိုင်ငံမှာ အရင်းရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက် နေပါတယ်။

အဲဒီဖိုရမ်ကို လာတက်ဖို့ စီစဉ်ထားတဲ့ ထရမ့်ကို အလိုမရှိကြောင်း ဆိုင်းဘုဒ်တွေ ကိုင်ဆောင် ထားတဲ့ ဆန္ဒပြသူတွေကို ဇူးရစ်မြို့ရဲ့ လမ်းတွေပေါ် တွေ့မြင် ခဲ့ရပါတယ်။

ဖိုရမ် ကျင်းပတဲ့ ဒါဗို့စ်မြို့မှာတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ဆန္ဒပြခွင့် ပိတ်ပင်ထားပါတယ်။

ဒါပေမယ့်လည်း ဆွစ် ဆိုရှယ်လစ် လူငယ် တချို့ကတော့ ဖိုရမ် ကျင်းပရာ အဆောက်အဦရဲ့ အပြင်ဘက်ကနေ ၃ ရက်တိုင် အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်မယ့် အစီအစဉ် ဖြစ်မြောက်အောင် ကြံဆောင် နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ