ဘရာဇီး သမ္မတဟောင်း လူလာရဲ့ အယူခံ ပယ်ချခံရ

ဓာတ်ပုံ မူပိုင် EPA
Image caption အယူခံ ပယ်ချခံရတာကြောင့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်အရွေးခံရဖို့ အခွင့်အလမ်း နည်းသွား

ဘရာဇီးလ်နိုင်ငံမှာ အဂတိ လိုက်စားမှု၊ ငွေကြေး ခဝါချမှု စွဲချက်တွေနဲ့ မနှစ်က ပြစ်မှု ထင်ရှားခဲ့သူ သမ္မတဟောင်း လူဝီဇ် အင်နာဆီယို လူလာ ဒါ ဆေလ်ဗာ ရဲ့ အယူခံ လျှောက်ထားမှုကို တရားရုံးက တညီတညွတ်တည်း ပယ်ချလိုက်ပါတယ်။

သမ္မတဟောင်း မစ္စတာ လူလာ ဒါ ဆေလ်ဗာ ဟာ အဂတိလိုက်စားမှု စီမံကိန်းကြီးတခုမှာ ပါဝင် ပတ်သက်နေတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ တခုဆီကနေ အပန်းဖြေ တိုက်ခန်းတခု လက်ခံယူခဲ့တာဟာ ဥပဒေ ချိုးဖောက်တာ ဖြစ်တယ်လို့ တရားသူကြီး ၃ဦးက ပြောပါတယ်။

သူ့ကို ချမှတ်ထားတဲ့ မူလ ပြစ်ဒဏ် ထောင်ဒဏ် ၉နှစ်ခွဲကနေ ထောင်ဒဏ် ၁၂နှစ် တိုးချမှတ်လိုက်ပါတယ်။

လူလာရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ဖို့ အမိန့်ထုတ်

တရားရုံးက တညီတညွတ်တည်း ချမှတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် မစ္စတာ လူလာ ဒါ ဆေလ်ဗာ အနေနဲ့ နောက်ထပ် အယူခံဝင်ဖို့ လမ်း နည်းသွားပြီ ဖြစ်သလို အောက်တိုဘာလ သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ