အမေရိကန် FBI ဒုညွှန်မှူး ရာထူးကနုတ်ထွက်

ဓာတ်ပုံ မူပိုင် Reuters
Image caption အများ က သမ္မတ ထရမ့် ဖိအားပေးလို့ နုတ်ထွက် တယ် လို့ ဆိုနေကြ ပါတယ်

အမေရိကန် အထူးစုံစမ်း စစ်ဆေးရေး ဗျူရို FBI မှ ဒုတိယ ညွှန်ကြားရေးမှူး အင်ဒရူး မက်ကေ့ဘ် (Andrew McCabe) ဟာ လာမယ့် မတ်လ မှာ ရာထူးမှ အနားယူ ဖို့ ရှိနေပေမဲ့ အခု လို ခွင့်ယူ ထားချိန် မှာ အလုပ်က နုတ်ထွက် သွားတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတဲ့ အတွက် အများ က သမ္မတ ထရမ့် ဖိအားပေးလို့ နုတ်ထွက် တယ် လို့ ဆိုနေကြ ပါတယ်။

ဒါကို အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ဆာရာ ဆင်းန်းဒါးစ် က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောတာက သမ္မတ အနေနဲ့ မစ္စတာ မက်ကေ့ဘ် အပေါ် ဝေဖန်မှု တွေ ရှိပေမယ့် အခု အလုပ် က နုတ်ထွက် သွားတာနဲ့ တော့ မပတ်သက်ဘူး လို့ ဆိုပါတယ်။

သမ္မတက သူ အရင်က ပြောခဲ့တဲ့ အတိုင်းပါပဲ။ မစ္စတာ မက်ကေ့ဘ် ကို သူ ဝေဖန် တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု လက်ရှိ ထွက်နေတဲ့ သတင်းတွေ နဲ့ ဘာမှ မဆိုင်ပါဘူး ဒါကြောင့်မို့ ကျမ တို့ အနေနဲ့ ဘာမှ အထူး အထွေ ပြောစရာ မရှိ ပါဘူး၊ အတိအကျ သိချင်ရင်တော့ FBI ကိုသာ မေးပါ လို့ ပြောပါတယ်။

FBI အကြီးအကဲ ရာထူးက ဖယ်ရှားခံရ

FBIကို သမ္မတထရမ့် လူမှုကွန်ရက်ပေါ် ကနေ ဒေါသတကြီး တိုက်ခိုက်

နောက်ထပ် ကြားသိ ရတဲ့ သတင်းတွေ အရ မစ္စတာ ထရမ့် က ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်း က ဘယ်သူ့ ကို မဲပေးလည်း လို့ FBI ညွှန်ကြားရေးမှူးချုပ် ဂျိမ်းစ်ကိုမီ ကို အလုပ်က ထုတ်ပစ် အပြီး မှာ မစ္စတာ မက်ကေ့ဘ် မေးခဲ့ ဖူးတဲ့ အကြောင်း လည်း သတင်း ထွက်လာပါတယ်။

ဒါကိုလည်း အိမ်ဖြူတော် က မဟုတ်တဲ့ အကြောင်း ငြင်းပါတယ်။

ဒါနဲ့တင် မပြီးသေးပဲ မစ္စတာ မက်ကေ့ဘ် ရဲ့ ဇနီးဖြစ်သူ က ဒီမိုကရက်ပါတီဝင် တွေနဲ့ ဆက်သွယ်မှု ရှိနေတာတွေ လည်း သမ္မတ ထရမ့် က မကြိုက်ခဲ့ပါဘူး။

အခု လို မစ္စတာ မက်ကေ့ဘ် ရာထူး က စောစော နုတ်ထွက် သွားတဲ့ အတွက် သမ္မတ ထရမ့် အနေနဲ့ စိတ်သက်သာ စရာ ဖြစ်သွား ပေမယ့် ရုရှား နဲ့ ဆက်နွယ် ပတ်သက်ခဲ့ တာတွေ ကတော့ ဆက်လက် ရှိနေဦးမယ့် အကြောင်း ဘီဘီစီ သတင်းထောက် ဂယ်ရီအို ဒေါ်နဟူး က ပြောပါတယ်။

အလုပ်ထုတ် ခံခဲ့ ရတဲ့ FBI ဒါရိုက်တာဟောင်း လာရောက် အစစ်ခံမယ်

လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ဟောင်းအပေါ် စစ်ဆေးမှု ရပ်ဖို့ FBIကို ထရမ့်ပြောတယ်လို့ဆို

ဆက်စပ် အကြောင်းအရာများ