ကင်ညာ အတိုက်အခံ ခေါင်းဆောင် သမ္မတအဖြစ် ကျမ်းသစ္စာဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ကင်ညာနိုင်ငံမှာ တကယ့် ဒီမိုကရေစီ စနစ် ထူထောင်လိုတယ်လို့ မစ္စတာ အိုဒင်ဂါ ပြော

ကင်ညာနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် ရိုင်လာ အိုဒင်ဂါဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ရှုံးခဲ့ပေမယ့်လည်း သူ့ကိုသူ သမ္မတအဖြစ် နိုင်ရိုဘီမြို့က ပန်းခြံတခုမှာ သူ့ကို ထောက်ခံအားပေးသူ သောင်းသိန်းချီတဲ့ အတိုက်အခံတွေရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဒီလို ကျမ်းသစ္စာ ကျိန်ဆိုတာဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်တယ်လို့ အစိုးရက ယူဆထားပြီး ဒီအခမ်းအနားကို လူထုကြား ပျံ့နှံ့သွားမှာကို ထိန်းချုပ်တဲ့အနေနဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနအတော်များများကို ရဲတွေက ပိတ်ပစ်လိုက်ပါတယ်။

သူ့အနေနဲ့ ဥပဒေ ချိုးဖောက်မှာ မဟုတ်ကြောင်းနဲ့ သူ့ကို ထောက်ခံ အားပေးသူတွေကိုလည်း အေးအေးချမ်းချမ်း နေကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စည်းကမ်း မညီညွတ်ဘူး ဆိုပြီး ဖျက်သိမ်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ကင်ညာရွေးကောက်ပွဲထပ်လုပ်ဖို့ သမ္မတလက်ခံ

နောက်ထပ် ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲကို မစ္စတာ အိုဒင်ဂါက သပိတ်မှောက်ခဲ့ပြီး အဲဒီ ရွေးကောက်ပွဲမှာ သမ္မတ အူဟူးရူး ကန်ညက်တာက အနိုင်ရခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ