ပိုလန် ဥပဒေသစ်ကြောင့် အစ္စရေး နဲ့ကြား တင်းမာနေ

Image caption အော့ဇ်ဝစ် အကျဉ်းစခန်းထဲ ဂျူးအများစု ဖြစ်တဲ့ လူပေါင်း ၁.၁ သန်း သေဆုံး ခဲ့

ပိုလန် နိုင်ငံထဲမှာ anti-Semitic လို့ ခေါ်တဲ့ ဂျူးဆန့်ကျင်ရေး စိတ်တွေ တိုးတက် လာနေတယ်လို့ ပိုလန်မှာ ထားရှိတဲ့ အစ္စရေး သံရုံးက သိပေးလိုက်ပါတယ်။

ဒုတိယ ကမ္ဘာ စစ် အတွင်း နာဇီတွေက ဂျူးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပိုလန်မှာ ဥပဒေသစ် တစ်ရပ် ပြဌာန်းနိုင်ဖို့ ကြိုးစား နေတဲ့ အပေါ် ပိုလန်နဲ့ အစ္စရေးအကြား ဆက်ဆံရေး ထိခိုက် နေပါတယ်။

Holocaust ရာဇဝတ်မှုတွေမှာ ပိုလန်ကို နာဇီဂျာမနီနဲ့ ကြံရာပါ သဖွယ် စွပ်စွဲမှုတိုင်းကို တရားမဝင်ဘူး ဆိုပြီး ပြောထားတဲ့ ဥပဒေသစ်ကို ပိုလန် ဆီးနိတ် လွှတ်တော်က အတည် ပြုထားပါတယ်။

Image caption Holocaust နဲ့ ပတ်သက်တဲ့ သုတေသနတွေ ကန့်သတ်ခံလာရမှာကို စိုးရိမ်နေ

ဒီ ဥပေဒသာ အသက်ဝင်လာရင် Holocaust နဲ့ ပတ်သက်တဲ့ သုတေသနတွေ၊ ရေးသား ပြောဆိုမှုတွေကို ပိုလန် နိုင်ငံထဲ ကန့်သတ် ခံလာရလိမ့်မယ်လို့ အစ္စရေးဘက်က စိုးရိမ် နေတာ ဖြစ်ပါတယ်။

နာဇီတို့ရဲ့ အသိမ်းပိုက်ခံ ပိုလန် နိုင်ငံထဲ ထားရှိတဲ့ အော့ဇ်ဝစ် အကျဉ်းစခန်းထဲ ဂျူးအများစု ဖြစ်တဲ့ လူပေါင်း ၁.၁ သန်း သေဆုံး ခဲ့ရပါတယ်။

အခုအခါမှာ ဂျူးမုန်းတီးရေး အတွေးအခေါ်တွေဟာ အင်တာနက် တခွင်မှာသာမက ပိုလန်ပြည်တွင်းက အဓိက မီဒီယာတွေ ပေါ်မှာပါ ရောက်လာနေပြီလို့ အစ္စရေး သံရုံးက သတိ ပေးထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အော့စဝစ်ချ် ကနေ ရှင်ကျန် လွတ်မြောက်လာသူရဲ့ အတွေ့အကြုံ

ဆက်စပ် အကြောင်းအရာများ