ရီဘတ်ပလစ်ကင် လျှို့ဝှက်မှတ်တမ်း ထုတ်ပြန်လာ

Image caption လျှို့ဝှက် မှတ်တမ်း ထုတ်ပြန်လာ

အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကင်ပါတီရဲ့ လျှို့ဝှက် မှတ်တမ်း တစ်စောင်ကို ကွန်ဂရက်စ် လွှတ်တော်က လူသိရှင်ကြား ထုတ်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက FBI အဖွဲ့ အနေနဲ့ အာဏာကို အလွဲသုံးစား လုပ်ပြီး ဒေါ်နယ်ထရမ့် အပေါ် စောင့်ကြည့် ထောက်လှမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အကြံပေး၊ ရုရှားနဲ့ အဆက်အသွယ်ရှိတဲ့ ကာတာ ပေ့ဂျ် ဆိုသူ အပေါ် လျှို့ဝှက် စောင့်ကြည့်ခွင့်ကို FBI အနေနဲ့ တရားရုံးဆီက ရယူခဲ့တုန်းက အသုံးပြုခဲ့တဲ့ အစီရင်ခံစာဟာ ဒီမိုကရက်တွေ ငွေကြေး ထောက်ပံ့ထားတဲ့ သုတေသန တစ်ခု အပေါ် အခြေခံ ခဲ့တာလို့ ဆိုပါတယ်။

အခု မှတ်တမ်းကို လျှို့ဝှက် အဆင့်ကနေ ဖြေလျှော့ပြီး ဖွင့်ချဖို့ သမ္မတ ထရမ့် ခွင့်ပြုခဲ့ပါတယ်။

ဒီမှတ်တမ်းထဲကနေ စက်ဆုပ်စဖွယ် အကြောင်းတွေ သိလာရပြီး၊ ပတ်သက်နေသူတွေ အရှက်ရသင့်တယ်လို့ မစ္စတာထရမ့်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
FBI

ဒီ ရီပတ်ဘလစ်ကင် မှတ်တမ်းဟာ အချက်အလက်တွေ မတိကျ မပြည့်စုံတဲ့ အတွက် လူအများကို ထုတ်ပြန် မပေးသင့်ဘူး ဆိုပြီး FBI က ကန့်ကွက် ခဲ့ပါတယ်။

အခုလို ထုတ်ပြန်ဖို့ ကွန်ဂရက်စ်က ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာ အတိုက်အခံ ဒီမိုကရက်တွေက ဝေဖန် ကြပါတယ်။

Image caption ထရမ့်နဲ့ FBI ကြား ပြဿနာ ပိုပြင်းထန်လာ

ဆီးနိတ်ရဲ့ ထောက်လှမ်းရေး လုပ်ငန်းဆိုင်ရာ ကော်မတီဝင် ဒီမိုကရက် အမတ် မာ့ခ်ဝါနာက အခုလို မှတ်တမ်းကို ထုတ်ပြန် လိုက်တာဟာ မစဉ်းစား မဆင်ခြင်ပဲ ပြုမူတဲ့ လုပ်ရပ် အဖြစ် ပြစ်တင် ပြောဆိုပါတယ်။

ရီပတ်ပလစ်ကင် ထိပ်သီး တချို့ကလည်း ဒီမှတ်တမ်း ထွက်လာတဲ့ အပေါ် သဘောမကျ ကြပါဘူး။

ရီပတ်ပလစ်ကင် ဆီနိတ်တာ ဂျွန်မက်ကိန်းက ဆိုရင် သမ္မတ ထရမ့်က FBI အပေါ် ဆက်တိုက် ဆိုသလို တိုက်ခိုက်နေတာဟာ ဥပဒေ စိုးမိုးမှုကို ဖျက်လိုဖျက်စီး လုပ်ရာရောက်တယ်လို့ ဝေဖန် ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ