ရုရှားတိုက်လေယာဉ် ပစ်ချခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption ပစ်ချခံခဲ့ရတဲ့ ရုရှား တိုက်လေယာဉ်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်မြို့အနီးမှာ ရုရှားတိုက်လေယာဉ်တစီး ပစ်ချခံခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျီဟတ်အဖွဲ့နဲ့ မဟာမိတ်အဖွဲ့ တဖွဲ့ဖြစ်တဲ့ တက်ခ်ရီဟာရစ် ရှောင်းက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ့အဖွဲ့က ပြောပါတယ်။

စောင့်ကြည်လေ့လာသူ တချို့ကတော့ လေယာဉ်မောင်းသူကို လက်နက်ကိုင်တွေက ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ စောစောပိုင်းတုန်းက ပြောဆိုနေချိန်မှာပဲ သူအသတ်ခံခဲ့ရတယ်လို့ ရုရှားဘက်က ပြောဆိုခဲ့ပါတယ်။

ဒီလေယာဉ်ဟာ Su-25 တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး လေယာဉ် အပိုင်းအစတချို့ မီးလောင် ပျက်စီးနေတဲ့ ဗီဒီယိုတွေကိုလည်း တွစ်တာလူမှုကွန်ရက်မှာ တင်ထားပါတယ်။

အလက်ပို မြို့ရဲ့ အဓိက လမ်းမကြီးမှာ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အနည်းဆုံး ဒေသခံ ၇ ဦး ရဲ့ ရုပ်အလောင်းတွေကို ကားတွေပေါ်ကနေ ပြီးခဲ့တဲ့ သောကြာနေ့က ဆွဲခေါ်သွားတယ်လို့ ကယ်ဆယ်ရေး သမား တွေက ပြောပါတယ်။

ဆီးရီးယား အစိုးရဟာ ရုရှား စစ်လေယာဉ်တွေရဲ့ အကူအညီနဲ့ အစ်ဒလစ် ဒေသမှာ ထိုးစစ်တွေ ဆင်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ