မက်ဆီဒိုနီးယား နာမည် မသုံးဖို့ ဂရိမှာ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption မက်ဆီဒိုးနီးယား နဲ့ ဂရိ ဟာ ဘယ်တော့ မှ ခွဲခြားလို့ မရဘူး၊ မက်ဆီဒိုးနီးယား ကို မထိနဲ့ ဆိုပြီး အော်ဟစ် ဆန္ဒပြ ခဲ့ကြ

သိန်းနဲ့ချီတဲ့ ဂရိ လူအုပ်ကြီးဟာ အေသင်မြို့တော် ရဲ့ လမ်းမတွေ ထက် စီတန်း လှည့်လည် ဆန္ဒပြ နေရခြင်းက ဂရိ နိုင်ငံ မြောက်ပိုင်းရှိ မက်ဆီဒိုးနီးယား ခရိုင် ဒေသ အမည် ကို ယူဂိုဆလပ် ခွဲထွက် နိုင်ငံ၊ မက်ဆီဒိုးနီးယား ပြည်သူ တွေ ဒီနာမည် ကိုပဲ ယူပြီး နိုင်ငံ အမည်ပေး ဖို့ စီစဉ်လို့ ကန့်ကွက် ခဲ့ကြပါတယ်။

သူတို့ဟာ က ၁၉၉၁ ခု က လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပြီး နေတိုးနဲ့ ဥရောပ သမဂ္ဂ ထဲ ဝင်ဖို့ ပါ ကြိုးစားနေ တာပါ။

သူတို့ဘက် က အကြောင်း ပြတာ ကလည်း သမိုင်း အထောက် အထား အရ၊ သူတို့ဟာ အလက်ဇန်းဒါး ဧကရာဇ် လက်ထက်ထဲ က ပိုင်စိုး ခဲ့တဲ့ မက်ဆီဒုံ ကနေ မက်ဆီဒိုးနီးယား ဖြစ်လာလို့ အဓိပ္ပါယ် သက်ရောက်မှု ရှိတယ် လို့ ခံယူထား တာပါ။

ဒါပေမဲ့ ဂရိ တွေ ကလည်း မက်ဆီဒိုးနီးယား နဲ့ ဂရိ ဟာ ဘယ်တော့ မှ ခွဲခြားလို့ မရဘူး၊ မက်ဆီဒိုးနီးယား ကို မထိနဲ့ ဆိုပြီး အော်ဟစ် ဆန္ဒပြ ခဲ့ကြတာပါ။

ဂရိ အစိုးရ ဘက် က ဒီပြဿနာ ကို လပိုင်း အတွင်း ဖြေရှင်း ပေးပါ့မယ် လို့ ဆိုပေမဲ့ ဂရိ နိုင်ငံသားတွေ က လက်မခံ ကြတဲ့ အပြင် နိုင်ငံခြားရေး ဝန်ကြီး နီကော့စ် ကော့ဇီယပ်စ် ဆိုရင် အသက် အန္တရာယ်ပင် ခြိမ်းခြောက် ခံရပါတယ်။

ဂရိ တရားရုံးရဲ့ ခိုလှုံခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို တူရကီ စိတ်ဆိုး

ဂရိ အော်သိုဒေါက်စ် ခရစ်ယန် ဂိုဏ်းဝင် ဘုန်းတော်ကြီး ယိုအားနစ် မက်တာဆာစ် ကလည်း ဆန္ဒပြသူတွေ နဲ့ ပူးပေါင်းကာ၊ ကျုပ်တို့ဟာ မေတ္တာနဲ့ ရော ညီညွတ်မှု နဲ့ ပါ လက်ကမ်း အကူအညီပေးရင်း ကျုပ်တို့နဲ့ သဘောထား မကွဲ ဖို့ ယုံကြည်မှု ရှိ ဖို့ ဖိတ်ခေါ် ပါတယ်။

သူတို့မှာလည်း နိုင်ငံ ထူထောင်ခွင့် ရှိသလို နာမည် ပေးခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ ခိုးယူ လို့တော့ မရဘူး လို့ ပြောပါတယ်။

ဂရိမျိုးချစ် တွေ ဘက်က မက်ဆီဒိုးနီးယား အခြေခံ ဥပဒေ အရ မြောက်ပိုင်းရှိ ဂရိရဲ့ ပိုင်နက် နဲ့ မျိုးနွယ်စု ကိုပါ တဘက် ကို သွတ်သွင်း သွားမှာ ကို စိုးရိမ်တာပါ။ သူတို့ဟာ ဆလပ်ဗ်တွေ ပဲ ဖြစ်တယ် လို့ ဆိုနေကြ ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မက်ဆီဒိုးနီးယား အခြေခံ ဥပဒေ အရ မြောက်ပိုင်းရှိ ဂရိရဲ့ ပိုင်နက် နဲ့ မျိုးနွယ်စု ကိုပါ တဘက် ကို သွတ်သွင်း သွားမှာ ကို စိုးရိမ်

ကုလသမဂ္ဂ ဘက်ကတော့ မက်ဆီဒိုးနီးယား ပြည်ထောင်စုသစ် အဖြစ် ကြားဝင် စေ့စပ်ပေး ပေမယ့်၊ ဂရိ ဘက်က မက်ဆီဒိုးနီးယား စကော့ပ်ရာ ပြည်ထောင်စု အနေနဲ့ လက်ခံ နိုင်တယ် လို့ ဆိုပါတယ်။

ဒါပေမဲ့ မက်ဆီဒိုးနီးယား အစိုးရ က ပယ်ချလို့ ဒီအရေး ကိစ္စ ဘယ်လောက် ကြာဦးမယ် ဆိုတာ ခန့်မှန်းလို့ မလွယ် သေးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် Mike Sanders က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ