ထိုင်ဝမ် ငလျင်ကြောင့် ၂ ဦး သေဆုံးကြောင်း အတည်ပြုထား

Image caption ငလျင် အသေးစားတွေလည်း ဆက်လက်လှုပ်

ထိုင်၀မ်မှာ ပြင်းအား ၆.၄ ရှိတဲ့ ငလျင်ကြောင့် တစိတ်တပိုင်း ပြိုကျသွားတဲ့ ဟိုတယ်ထဲ ပိတ်မိ နေသူတွေကို ကယ်ဆယ်ရေးသမားတွေ ဆက်လက် ရှာဖွေ နေပါတယ်။

ငလျင်ဒဏ် ခံလိုက်ရတဲ့ အရှေ့ဘက်မြို့ ဟွာလျန်းမှာ လောလောဆယ် အတည်ပြုထား နိုင်သမျှ ၂ ယောက် သေဆုံးပြီး၊ အယောက် ၂ဝဝ ကျော် ဒဏ်ရာ ရသွားပါတယ်။

ထိခိုက် သွားတဲ့ ဟိုတယ် ထဲကနေ လူ ၂၈ ယောက်ကို ဘေးကင်းရာကို ခေါ်ထုတ် သွားနိုင်ခဲ့ ပေမယ့်၊ အဲဒီ အရေအတွက် ဝန်းကျင်လောက် ဆက်လက် ပိတ်မိ နေဆဲ ဖြစ်တယ်လို့ ထိုင်ဝမ် မီဒီယာတွေက ပြောနေပါတယ်။

ဟိုတယ်ဟာ အခုဆို ပြိုကျဖို့ရာ အတော်ကြီး တိမ်းစောင်း နေပြီ ဖြစ်ပါတယ်။

Image caption ပြိုကျလုဆဲဆဲ ဟိုတယ်

ငလျင်ကြီး အပြီးမှာ နောက်ဆက်တွဲ ငလျင် အသေးစားတွေလည်း ဆက်လက် လှုပ်ခတ် ခဲ့ပါတယ်။

ဟွာလျန်းမှာ ဟိုတယ်အပြင် တခြား အဆောက်အဦ နှစ်လုံးလည်း ထိခိုက် ပျက်စီးသွားပါတယ်။

အဲဒီ အဆောက်အဦ ၂ လုံးကတော့ အထပ်မြင့် စားသောက်ဆိုင်နဲ့ စစ်ဆေးရုံတွေ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ မီးသတ်ဌာနကို ကူညီဖို့ စစ်သားတွေလည်း ရောက်လာ ကြသလို ရာနဲ့ချီတဲ့ တပ်သားတွေကိုလည်း အသင့်အနေအထား တပ်လှန့် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ