အိုလံပစ်ဖွင့်ပွဲ ကင်ဂျုံအွန်းနှမ တက်မယ်

ဓာတ်ပုံ မူပိုင် JEON HEON-KYUN
Image caption အိုလံပစ် မတိုင်ခင် ဆန္ဒပြ

တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ နှမဖြစ်သူ တက်ရောက်မယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားကနေ ပြည်ပကို သွားခဲလှတဲ့ ကင်ယာဂျွန်း ဟာ ခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ အနီးကပ် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

စောစောပိုင်းကတော့ မြောက်ကိုရီးယား အားကစားသမား တွေ၊ သတင်းထောက်တွေနဲ့ အသင်းကို အားပေးသူတွေပါတဲ့ လူ ၂၀၀ လောက် တောင်ကိုရီးယား နိုင်ငံဘက်ကို ကုန်းလမ်းကနေ သွားခဲ့ကြပါတယ်။

ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို မြောက်ကိုရီးယားက ဝါဒဖြန့်မှုတွေနဲ့ မောင်ပိုင်စီးမှာကို အမေရိကန် အစိုးရ ခွင့်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က ပြောပါတယ်။

သောကြာနေ့မှာ ပြုလုပ်မယ့် ဖွင့်ပွဲမတိုင်ခင် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ Mike Pence က မြောက်ကိုရီးယားဟာ ဒေသတွင်းမှာ ခြိမ်းခြောက်မှု အန္တရာယ်ရှိတယ်၊ သူ့လူထုကို ဖိနှိပ်တယ် ဆိုတဲ့ အဖြစ်မှန်တွေကို အိုလံပစ် အလံ သုံးပြီး ဖုံးကွယ်မှာမျိုး အမေရိကန်က ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်နဲ့မြောက် ရေခဲပြင်ဟော်ကီအသင်း ဆွီဒင်နဲ့ကစား

ဓာတ်ပုံတွေက ပြောတဲ့ ဆောင်းရာသီ အိုလံပစ်

တောင်ကိုရီးယား က အိုလံပစ် ပွဲတော် ကို မြောက်ကိုရီးယားလည်း ပါဝင်ဆင်နွဲလာနိုင်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ရည်ရွယ်ချက် မေးခွန်းထုတ်စရာဖြစ်
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား စကိတ်သမားတွေ လေ့ကျင့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ရည်ရွယ်ချက် မေးခွန်းထုတ်စရာဖြစ်

မြောက်ကိုရီးယားအပေါ် ချမှတ်မယ့် အပြင်းထန်ဆုံးနဲ့ အထိရောက်ဆုံး ပိတ်ဆို့ အရေးယူမှုတွေ ကို အမေရိကန်က မကြာခင် ထုတ်ပြန်သွားမယ်လို့လည်း သူက ပြောပါတယ်။

သောကြာနေ့မှာ ကျင်းပမယ့် အိုလံပစ်ဖွင့်ပွဲမှာ အလံ တခုတည်း အောက်ကနေ ချီတက်ကြမယ့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးမှု ရှိလာချိန်မှာ အမေရိကန် ဒုတိယ သမ္မတ Mike Pence က ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားဟာ အာဏာရှင် အဆန်ဆုံး ဖိနှိပ်ဆုံး အစိုးရ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ သူက ပြောခဲ့ပါတယ်။

၂၀၀၆ ခုနှစ်က အီတလီမှာ ပြုလုပ်ခဲတဲ့ အိုလံပစ်ပွဲမှာ နှစ်နိုင်ငံ အလံ တခုတည်း အောက်မှာ ချီတက်ခဲ့ကြပြီးနောက် ၈ လ အကြာမှာ မြောက်ကိုရီးယားက ပထမဆုံး နျူကလီယာ လက်နက်တွေ စမ်းသပ်ခဲ့တယ်လို့ မှတ်သား ထားကြောင်း Mike Pence က ပြောပါတယ်။