အစိုး ယန္တရား ရပ်မသွားအောင် နှစ်ပါတီ ပူးတွဲ လုပ်ဆောင်မယ်

Image caption ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်လို့ မက်ကော်နဲလ် ပြော

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့လက အစိုးရ ယန္တရား မလည်ပတ်နိုင်ပဲ ရပ်တန့် သွားခဲ့တာမျိုး ထပ်ပြီး မဖြစ်အောင် ရီပတ်ပလစ်ကင်နဲ့ ဒီမိုကရက် ပါတီ နှစ်ခုကြား သဘောတူမှု တစ်ရပ် ရရှိ ခဲ့တယ်လို့ ပါတီနှစ်ခု စလုံးရဲ့ ခေါင်းဆောင်တွေက ကြေညာ ပါတယ်။

အမေရိကန် ပါတီကြီး နှစ်ခုက အကြံပြုလာတဲ့ ၂ နှစ်တာ ကာလ သဘောတူမှု အရ အစိုးရ အသုံးစားရိတ် ဒေါ်လာ ဘီလီယံပေါင်း ရာနဲ့ချီပြီး တိုးမြင့် လာ နိုင်ပါတယ်။

ဒီ သဘောတူမှုကို ဥပဒေ သဖွယ် အသက် ဝင်လာနိုင်အောင် ကွန်ဂရက်စ် လွှတ်တော်က အတည် ပြုပေးရမှာ ဖြစ်ပါတယ်။

Image caption စစ်မှန်တဲ့ တိုးတက်မှု အဖြစ် အသိအမှတ်ပြု

အခု သဘောတူမှုဟာ ပါတီ ၂ ရပ် ပူးတွဲ လုပ်ဆောင်ဖို့ရာ ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်း ဖြစ်တယ်လို့ ရီပတ်ဘလစ်ကင် အမတ်တွေရဲ့ ခေါင်းဆောင် မစ်ချ် မက်ကော်နဲလ်က ပြောပါတယ်။

ဒီမိုကရက် အမတ်တွေရဲ့ ခေါင်းဆောင် ချပ်ခ် ရှူးမားကလည်း စစ်မှန်တဲ့ တိုးတက်မှု အဖြစ် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် အစိုးရ ယန္တရား ရပ်ဆိုင်းထား

အခုလို ပါတီ နှစ်ရပ်ကြား သဘောတူမှု ရလာတဲ့ အပေါ် အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ အမျိုးသမီးကလည်း ကြိုဆို ခဲ့ပေမယ့် တကယ်တမ်း အသက်ဝင်လာဖို့ အောက်လွှတ်တော်ထဲမှာ အတိုက်အခံ တချို့ ကြုံတွေ့ရနိုင် သေးတယ် လို့ သတိပေး ခဲ့ပါတယ်။

ဘတ်ဂျက် ကိစ္စကို ရီပတ်ဘလစ်ကင်တွေနဲ့ ပူးပေါင်း ဆောင်ရွက် စေချင်ရင် အမေရိကန် ပြည်ထောင်စုထဲ ကလေးဘဝ ကတည်းက တရားမဝင် ဝင်ရောက်ခဲ့သူတွေကို ပြည်နှင်ဒဏ် မပေးပါဘူး ဆိုတဲ့ အာမခံချက် ရလိုတယ် ဆိုပြီး ဒီမိုကရက် အောက်လွှတ်တော် အမတ်တွေက တောင်းဆို ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန် အခွန်ဥပဒေသစ် လွှတ်တော်အတည်ပြု

ဆက်စပ် အကြောင်းအရာများ