မာ့ခဲလ်နဲ့ ပေါင်းမလားဆိုတာ ဆိုရှယ်ဒီမိုကရက်တွေ မဲခွဲမယ်

Image caption ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက် လာရစေ့မယ်

ဂျာမနီနိုင်ငံမှာ ဗဟိုလက်ဝဲ ဆိုရှယ် ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ သဘောတူမှုသာ အတည်ပြုနိုင်ပြီ ဆိုရင် တည်ငြိမ် ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက် လာရစေ့မယ် ဆိုပြီး ဂျာမန် ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က ကတိပြု ပြောဆို လိုက်ပါတယ်။

မစ္စစ် မာ့ခဲလ် ဦးဆောင်တဲ့ ဗဟိုလက်ယာ ခရစ်ယာန် ဒီမို ကရက် ပါတီ အနေနဲ့ အစိုးရတစ်ရပ် သီးသန့် ဖွဲ့နိုင်လောက်အောင် မဲ မပြတ်ခဲ့တဲ့ ဂျာမနီ ရွေးကောက်ပွဲ အပြီး၊ ၄ လ ကျော် ကြာအောင် ညွန့်ပေါင်း အစိုးရ မဖွဲ့နိုင် ဖြစ်နေ ခဲ့တာ ဖြစ်ပါတယ်။

အခု အချိန်မှာတော့ မစ္စမာ့ခဲလ် ရဲ့ ပါတီနဲ့ ပေါင်းပြီး ညွန့်ပေါင်းဖွဲ့ဖို့ လက်ခံမလား ဆိုတာကို ဆိုရှယ်ဒီမိုကရက် ပါတီတွင်း မဲခွဲ ဆုံးဖြတ်ကြဖို့ အခြေအနေ အထိ ရောက်လာပြီး လာမယ့် မတ်လ အစောပိုင်းမှာ ရလဒ်တွေကို ကြေညာမယ်လို့ ဆိုပါတယ်။

တကယ်လို့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခဲ့ရင် မစ္စစ် မာ့ခဲလ် အနေနဲ့ ဝန်ကြီးချုပ် သက်တမ်းကို ၄ ကြိမ်မြောက် ဆက်လက် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

Image caption နိုင်ငံခြားရေး ဝန်ကြီး အဖြစ် လျာထား ခံရ

နိုင်ငံခြားရေး ဝန်ကြီး အဖြစ် လျာထား ခံရတဲ့ ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင် မာတင် ရှူ့ဇ်က သူ ပါတီ ခေါင်းဆောင် နေရာကနေ ဖယ်ပေးမယ်လို့ ပြောထားပါတယ်။

ခရစ်ယာန် ဒီမို ကရက် ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘောတူလိုက်ရင် ပါတီက ကိုင်စွဲတဲ့ မူဝါဒတွေ ထိခိုက် သွားနိုင်တယ် ဆိုပြီး ဆိုရှယ် ဒီမိုကရက် တော်တော်များများက စိုးရိမ် နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ