နာတန်ယာဟုကို လာဘ်စားမှုနဲ့ စွဲဆိုဖို့ ရဲထောက်ခံ

ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption မစ္စတာ နာတန်ယာဟုက စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်

လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုနဲ့ သူ့ကို စွဲချက်တင်ဖို့ ရှေ့နေချုပ်ကို ရဲတွေက ထောက်ခံခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန် ယာဟုက အတည်ပြုပြောဆိုပါတယ်။

ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမားတွေက အခွင့်အရေးရဖို့ တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပေးခဲ့တာကို မစ္စတာ နာတန်ယာဟု ရယူခဲ့တာ သက်သေ ရှိတယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

မစ္စတာ နာတန်ယာဟုက စွပ်စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ အစ္စရေး ရုပ်သံကနေ ပြောပါတယ်။

အစ္စရေး နိုင်ငံသားတွေ ဦးဆောင်ဖို့ ရွေးချယ်ထားသရွေ့ သစ္စာ တာဝန်ရှိတဲ့ အစ္စရေး ခေါင်းဆောင်တဦးအဖြစ် ဆက်ရှိနေမှာ ဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဆက်ရနေမယ်လို့ သူက ပြောပါတယ်။

အရင်လကလည်း အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့တွေက မစ္စတာ နာတန်ယာဟုကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ