သန်းနဲ့ချီတဲ့ပိုက်ဆံတွေကို မြွေမျိုတယ်ဆို

ဓာတ်ပုံ မူပိုင် SPL
Image caption မြွေတကောင်က ငွေ ၃၆ သန်းလောက်ကို မျိုချဖို့ဆိုတာ အချိန်ဘယ်လောက်ယူရမလဲ တွက်ကြည့်ကြပါဦးလို့ ရေးသားထားသူလည်း ရှိ

မြွေတကောင်ဟာ နိုင်ရာ ၃၆ သန်း ( အမေရိကန် ဒေါ်လာ ၁ သိန်းနဲ့ ညီမျှ ) တဲ့ ပိုက်ဆံတွေကို စားလိုက်တယ်လို့ နိုင်ဂျီးရီးယား နိုင်ငံက အရောင်းဝန်ထမ်းတဦးက စာရင်းစစ်တွေကို ပြောဆိုခဲ့ပြီးနောက် သူ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Philomena Chieshe လို့ခေါ်တဲ့ အဲဒီစာရေးမဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ စာမေးပွဲ စိစစ်ရေးအဖွဲ့မှာ အလုပ်လုပ်နေသူဖြစ်ပြီး အဲဒီပိုက်ဆံတွေဟာ စာမေးပွဲအတွက် ဖြေဆိုသူတွေက ပေးသွင်းထားတဲ့ ငွေကြေးတွေလည်း ဖြစ်ပါတယ်။

အဲဒီ စားမေးပွဲ စိစစ်ရေး အဖွဲ့က တာဝန်ရှိသူတွေကတော့ ငွေကြေး ပျောက်ဆုံးမှုနဲ့ ပတ်သက်တဲ့ စာရေးမရဲ့ အကြောင်းပြ တင်ပြချက်တွေကြောင့် သူ့ကို အလုပ်ကနေ ထုတ်ပယ်ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒိဖြစ်ရပ်ဟာ နိုင်ဂျီးယားက ဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြားမှာလည်း ရယ်ရွှင်ဖွယ်ရာ ပြောဆိုမှု အဖြစ် ထေ့ငေါ့ခံနေရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ဒီလောက် ငွေစက္ကူအများကြီးကို မြွေတကောင်က ဘယ်လို ကိုင်တွယ်ထိန်းသိမ်းနိုင်မလဲ မဖြစ်နိုင်တဲ့ ကိစ္စပါလို့ ဆိုရှယ်မီဒီယာ သုံးစွဲသူတဦးက တွစ်တာမှာ ရေးသားထားပါတယ်။

မြွေတကောင်က ငွေ ၃၆ သန်းလောက်ကို မျိုချဖို့ဆိုတာ အချိန်ဘယ်လောက်ယူရမလဲ တွက်ကြည့်ကြပါဦးလို့ ရေးသားထားသူလည်း ရှိပါတယ်။

မြွေသာ တကယ်မျိုခဲ့တယ်ဆိုရင် အနည်းဆုံးငွေစက္ကူရွက်ရေ သုံးသောင်း ခြောက်ထောင်လောက်ကို မြိုချရမှာ ဖြစ်ပါတယ်။

တွစ်တာကတော့ မြွေအတွက် အသုံးပြုနေရသလိုတောင် ဖြစ်နေပြီလို့ တယောက်က ရေးသားထားသလို မြွေက ရုံးခန်းထဲက ပိုက်ဆံကို တစစီ ဆုတ်ပစ်ခဲ့တယ် လို့ တယောက်ကလည်း ရေးသားထားပါတယ်။

နိုင်ဂျီးယားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကတော့ လင်းယုန်ငက်က မြွေကိုဖမ်းထားတဲ့ပုံကို သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။

ပိုက်ဆံမျိုချတဲ့ မြွေကို သနားပြီး အလွတ်ပေးမှာမဟုတ်ဘူးလို့လည်း အဲဒီပိုစ့်မှာ ရေးသားထားတာပါ။

Image caption အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ တွစ်တာကိုတွေ့ရစဉ်

ဆက်စပ် အကြောင်းအရာများ