ရာမာဖိုဆာကို တောင်အာဖရိက သမ္မတသစ် တင်မြှောက်

ဓာတ်ပုံ မူပိုင် EPA
Image caption ရွေးကောက် တင်မြှောက်ခံပြီးပြီးချင်း ပါလီမန်မှာ မစ္စတာ ရာမာဖိုဆာ မိန့်ခွန်းပြောခဲ့စဉ်

တောင်အာဖရိကနိုင်ငံမှာ သမ္မတသစ်အဖြစ် Cyril Ramaphosa ကို ပါလီမန်က တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။

ပါလီမန်မှာ တရားသူကြီးချုပ် မိုဂိုအန်း မိုဂိုအန်းက မစ္စတာ ရာမာဖိုဆာကို တောင်အာဖရိက နိုင်ငံရဲ့ သမ္မတအဖြစ် ကန့်ကွက်သူမရှိ တင်မြှောက်လိုက်ကြောင်း ထုတ်ဖော် ကြေညာသွားပါတယ်။

ဗုဒ္ဓဟူးနေ့ညက မစ္စတာ Jacob Zuma သမ္မတ ရာထူးကနေ နုတ်ထွက်ကြောင်း ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ကြေညာသွားခဲ့အပြီး မစ္စတာ ရာမာဖိုဆာကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဇူးမား ရာထူးစွန့်ပြီ

တောင်အာဖရိက ပြည်သူတွေရဲ့ ဘဝ တိုးတက်ကောင်းမွန်လာအောင် နိုင်ငံရေးပါတီ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ မစ္စတာ ရာမာဖိုဆာက ပြောပါတယ်။

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ မစ္စတာ ရာမာဖိုဆာဟာ ဒီဇင်ဘာလကတည်းက ANC အစိုးရပါတီကို ဦးဆောင်ခဲ့တာ ဖြစ်ပြီး သဘောကွဲနေတဲ့ ပါတီ၊ ကျဆင်းနေတဲ့ စီးပွားရေးစနစ်၊ အကျင့်ပျက် ခြစားမှုတွေကို လက်လွှဲယူခဲ့ရတာ ဖြစ်ပါတယ်။

အခြေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ လက်နက် ရောင်းဝယ်မှု တခုနဲ့ ဆက်နွယ်နေတဲ့ အဂတိလိုက်စားမှု စွဲချက် ၁၈ခုကို ရင်ဆိုင်နေရတဲ့ မစ္စတာ ဇူးမားကတော့ အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် ရှောင်ရှားတဲ့အနေနဲ့ အာဏာလွှဲပေးခဲ့တာလို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ