အနက်ရောင်ကန်ပိန်းနဲ့ ဗြိတိန်အကယ်ဒမီဆုပေးပွဲ

ဓာတ်ပုံ မူပိုင် EPA
Image caption အနက်ရောင်ကန်ပိန်းနဲ့ ဗြိတိန်ကအကယ်ဒမီဆုပေးပွဲ

ဗြိတိန်က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဆိုင်ရာ အကယ်ဒမီဆုပေးပွဲ (Bafta Awards) ကို တက်ရောက်လာကြတဲ့ အနုပညာရှင် အများအပြားဟာ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ခံရမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အနက်ရောင်တွေကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြပါတယ်။

အကယ်ဒမီဆုပေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက လန်ဒန်မြို့မှာ ကျင်းပခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျနီဖာလောစ်ရင့်

ဆုပေးပွဲမှာ Three Billboards Outside Ebbing, Missouri ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆု အပါအဝင် ဆု ၅ ခု ချီးမြှင့်ခံခဲ့ရပါတယ်။

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို Darkest Hour ဇာတ်ကားမှ Gary Oldman က ရရှိခဲ့ပြီး၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Three Billboards Outside Ebbing, Missouri ဇာတ်ကားမှ မင်းသမီး Frances McDormand က ရရှိခဲ့ပါတယ်။

အော်စကာဆု ဇကာတင်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Shape Of Water ဇာတ်ကားရဲ့ဒါရိုက်တာ Guillermo Del Toro က ဒီနှစ်အတွက်အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption Three Billboards Outside Ebbing ဇာတ်ကားနဲ့ ဆုရရှိသူများ

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်က အမေရိကန် လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ ၇၅ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ အခမ်းအနားမှာလည်း ဟောလီးဝုဒ်ရဲ့အကျော်အမော် အနုပညာရှင်တွေဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အနက်ရောင်တွေကိုဝတ်ပြီး ပွဲတက်ခဲ့ကြပါတယ်။

ဟောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ထိပ်တန်းထုတ်လုပ်သူတချို့နဲ့ နာမယ်ကြီးတချို့ဟာ လုပ်ငန်းခွင်အတွင်းက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဒီနှစ်ဆန်းပိုင်းက ထွက်ပေါ်ခဲ့ပြီးနောက်မှာ အခုလို အနက်ရောင်ကန်ပိန်းကို အနုပညာနဲ့ပတ်သတ်တဲ့ ဆုချီးမြှင့်ပွဲတွေမှာ လုပ်ဆောင်လာကြတာပဲ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ