ဖက်ရှင် သီတင်းပတ် ဆော်ဒီမှာ ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဘောလုံးပွဲ ၀င်ကြည့်ခွင့်ရတဲ့ အမျိုးသမီးတွေ
ဆော်ဒီအာရေဗျ နိုင်ငံ မြို့တော် Riyadh မှာ ရှေ့လမှာ ဖက်ရှင်သီတင်းပတ်ပွဲ ကျင်းပသွားမယ်လို့ ကြေညာ ပါတယ်။
ဒါဟာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာမန်ရဲ့ ခေတ်သစ် ယဉ်ကျေးမှုကို အစပျိုးတဲ့ ခြေလှမ်းတွေထဲက တခုလို့ ဆိုပါတယ်။
ဆော်ဒီ နိုင်ငံသားတွေမှာရှိတဲ့ငွေကြေးတွေကို နိုင်ငံတွင်းမှာ အသုံးပြုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ထားတဲ့ ဗျူဟာတခုလည်း ဖြစ်ပါတယ်။
ချမ်းသာတဲ့ ဆော်ဒီနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ ဈေးကြီးပြီး နာမည်ကျော် ဖက်ရှင်တံဆိပ်တွေကို အများဆုံး ဝယ်ယူအသုံးပြုကြတယ်လို့ ဆိုပါတယ်။
ဆော်ဒီရဲ့ နိုင်ငံရဲ့ တင်းကြပ်တဲ့ ဝတ်စားဆင်ယင်တဲ့ပုံစံကို လိုက်နာပြီး ဖက်ရှင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။